ဖိလစ်ပိုင်ထိပ်တန်းတင်းနစ်မယ် အလက်ဇန္ဒြားအယ်လာသည် မူဘာဒါလာဒီစီအိုးပင်းတင်းနစ်ပြိုင်ပွဲ ၃၂ ဦးအဆင့်တွင် နာမည်ကြီး တရုတ်တင်းနစ်မယ် ချင်ဝမ်ကျန်းနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲကို ဒဗလျူတီအေထိပ်တန်းအဆင့် တင်းနစ်မယ်များဖြစ်သည့် ပဲဂူလာ၊ အယ်လီနာစဗစ် တိုလီနာတို့အပြင် နာမည်ကြီး နာအိုမီ အိုဆာကာ၊ ဒိုင်ရာနာ ရှနိုက်ဒါနှင့် ယမန်နှစ်ချန်ပီယံ လေလာ ဖာနန်ဒက်စ်တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အယ်လာသည် ယခုပြိုင်ပွဲမတိုင်မီ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် လက်ရှိ ကမ္ဘာ့အဆင့်(၆)တွင် ရပ်တည်နေသည့် ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ကို ကျော်ဖြတ်ကာ ၁၆ ဦး အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။
မိုးဇက်


