နှစ်သစ်အကြိုဖျော်ဖြေပွဲမှာ ပါဝင်တင်ဆက်ခဲ့တဲ့ ကမ်မီလာကပ်ဘဲလို

၂ ဇန်နဝါရီ

နာမည်ကျော် ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ကမ်မီလာကပ်ဘဲလိုဟာ ၂၀၁၉ ခုနှစ်ကိုကြိုဆိုတဲ့ တေးဂီတဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံးအချိန်တွေမှာ ကမ်မီလာ ကပ်ဘဲလိုက"Dick Clark’s New Year’s Rockin’ Eve" အစီအစဉ်မှာ ပါဝင်တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ကမ်မီလာကပ်ဘဲလိုက သူ့ရဲ့ အောင်မြင်တဲ့တေးသီချင်း "Havana" ကိုလည်း သီဆိုခဲ့ကြောင်း ဟောလိဝုဒ်လိုက်ဖ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။