နေပြည်တော် ဇန်နဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ၊ စည်သူ ဦးသန်းထွန်းဦးသည် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခဲ့ပြီးဖြစ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များကို အဝေးရောက်လက်ခံယူသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံသွားရောက်ပြီး လက်ရောက်ချီးမြှင့်အပ်နှင်းသည်။
ထိုသို့ ပေးအပ်ရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် စည်သူဘွဲ့ရရှိသူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) ဦးသိန်းစိုးနှင့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး(ငြိမ်း) ဦးမြသိမ်းတို့ထံ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ဇမ္ဗူသီရိ မြို့နယ်အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ မြန်မာနိုင်ငံလူငယ် ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည် တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုတင်ဆက်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာရေး ဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က “မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက စာရေးဆရာမသက်သက်နွယ် (ရန်ကုန် တက္ကသိုလ်)ထံ ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ဒုတိယဝန်ကြီးက အမှတ်(၇) အခြေခံပညာ အထက် တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်