နွေရာသီအခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၁၂

 

နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့တို့ ကြီးမှူးဖွင့်လှစ် သည့်  နွေရာသီအခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပသည်။               

 

အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီး မှူးများ၊ ဌာနမှူးများ၊ နေပြည်တော်အ မျိုးသမီးရေးရာအဖွဲ့မှ ဒေါ်နန်းတင်စန်းရှိန် ဦးစီးသော အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ နွေရာသီအ ခြေခံကွန်ပျူတာ သင်တန်း သား/သူ ကျောင်းသားလူငယ်များ တက်ရောက် ကြသည်။

 

ဉီးစွာ ဒုတိယမြို့တော်ဝန်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်း မိသားစုများ၏ သားသမီးများအတွက်  “နွေရာသီအခြေခံ ကွန်ပျူတာသင်တန်းကို ဧပြီ မှ ၁၂ ရက်အထိ ဖွင့်လှစ် သင်ကြားပေးရာ အောင်မြင်စွာပြီးမြောက်ခဲ့ပြီးဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသော ကဏ္ဍအားလုံးတွင် ဒီဂျစ်တယ်နည်းပညာကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည်အထိ မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိအောင် ဆောင်ရွက် နိုင်စေရေး ကြိုးစားကြ ရန်လိုကြောင်း၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့် ရှောက်လိုသော စိတ်ဓာတ်များနှင့်ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်များ စဉ်ဆက် မပြတ် ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

 

ထို့နောက် သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သင်တန်းသား/ သင်တန်း သူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသို့တက်ရောက် အောင်မြင်ခဲ့ကြသည့်  သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသား()ဦးနှင့် သင်တန်းသူ()ဦးတို့ကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

( သတင်းစဉ်)