New Year New Men Group Show ပန်းချီဆရာ (၁၀)ယောက်၏ ပန်းချီပြပွဲမန္တလေးတွင် ကျင်းပမည်

နှစ်သစ်ကို ကြိုဆိုသောအားဖြင့် New Year New Men Group Show ပန်းချီဆရာ(၁၀)ဦး စုပေါင်းပန်းချီပြပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မန္တလေး အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင်ခြေပန်းချီပြခန်း (Mandalay Hill Art Gallery) တွင် ကျင်းပမည်ဖြစ်သည်။ ပန်းချီပြပွဲ ဖွင့်ပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီတွင် ကျင်းပမည် ဖြစ်သည်။

ပြပွဲတွင်ပြသမည့် ပန်းချီဆရာများမှာ ဒေါက်တာ ဇော်ထွန်းလင်း၊ ညောင်ဦးသန်းဋ္ဌေး၊ ဦးစိုးငြိမ်း၊ ခင်အောင်ဝင့်၊ ဆွေနိုင်စစ်၊ ကျော်စိုး၊ မော်စီ၊ မိုးဦးပန်းချီ၊ စန္ဒာဝင်း၊ အေးသန္တာလှိုင်တို့ ပါဝင်ပြသမည် ဖြစ်သည်။ အဆိုပါ ပန်းချီဆရာ (၁၀)ဦး၏ ပန်းချီကားပေါင်း (၁၀၀)ကျော် ပြသမည်ဖြစ်ပြီး ရေဆေး၊ ဆီဆေး၊ အခရိုက်လစ် စသည်တို့ ပါဝင်သည်။

အဆိုပါပန်းချီပြပွဲကို ဇန်နဝါရီ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မန္တလေးအောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင်ခြေပန်းချီပြခန်း(Mandalay Hill Art Gallery) တွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး မည်သူမဆို လာရောက် လေ့လာကြည့်ရှုနိုင်ကြောင်း သိရှိရသည်။ ပြပွဲပြသမည့်အကြောင်း မိုးဦးပန်းချီ၏ ပြောပြချက်အရ သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)