ငြိမ်းချမ်းရေးဂီတပွဲတော်မှ ဆုရအဆိုရှင်များ၏ ပြိုင်ပွဲဝင်တေးသီချင်းများ ထုတ်လုပ်ဖြန့်ချိနိုင်ရေး အသိပေးမိတ်ဆက်ပွဲ ကျင်းပမည်

နေပြည်တော် ၁၆ ဇန်နဝါရီ 


ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ကြီးမှူးကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဂီတပွဲတော်မှ ဆုရအဆိုရှင်များ၏ ပြိုင်ပွဲဝင်တေးသီချင်းများ DVD ထုတ်လုပ်ဖြန့်ချိနိုင်ရေး အသိပေးမိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို(A)၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


မောင်မောင်မျိုး