ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုမှ ထူးခြားသည့် ဖြစ်ရပ်များ

၆  အောက်တိုဘာ

အဒေါ့ဖ်ဟစ်တလာလို့ ပြောလိုက် ရင် လူတိုင်း ဒုတိယကမ္ဘာစစ်ကို ပြေးမြင်ကြမှာပါပဲ။

အံ့အားသင့်စရာ အဖြစ်အပျက်

လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ခန့်က သမိုင်းမှာ သွေးထွက်သံယိုအများဆုံးဖြစ်စေခဲ့တဲ့ ဒုတိယကမ္ဘာစစ်မီး ကိုမွှေးခဲ့သူ အဒေါ့ဖ်ဟစ်တလာကို ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခဲ့ဖူးတယ်ဆိုရင် အားလုံးအံ့အားသင့်ကုန်ကြ မှာပါပဲ။ ဒါပေမယ့် ဒါဟာတကယ့် အဖြစ်အပျက်တစ်ခုပါ။ ၁၉၃၉ ခုနှစ် တုန်းက ဆွီဒင်ပါလီမန် အမတ် တစ်ဦးဖြစ်သူ အီရစ်ဂေါ့ဖစ်ခရစ်ယန် ဘရန်းက ဂျာမနီက အာဏာရှင် ဟစ်တလာကို ငြိမ်းချမ်းရေး နိုဘယ် ဆုအတွက် အမည်စာရင်းတင်သွင်း ခဲ့ဖူးပါတယ်။

ဆုချီးမြှင့်ခဲ့ခြင်းမရှိ

ဒါပေမယ့်နောက်ပိုင်းမှာတော့ အဲဒီအမည်စာရင်းတင်သွင်းမှုဟာပျက်ပြယ်သွားခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချီးမြှင့်ပေးခဲ့ခြင်း မရှိပါဘူး။ အတိအကျ ပြောရရင် တော့ ၁၉၃၉ ခုနှစ် ပိုလန်နိုင်ငံကို ဂျာမနီက ကျူးကျော်မှု မပြုလုပ်မီ ရှစ်လခန့်အလိုက ဆွီဒင်ဆိုရှယ် ဒီမိုကရက်တစ် အမတ်ဖြစ်တဲ့ အီရစ်ခ်က နော်ဝေး နိုဘယ် ငြိမ်း ချမ်းရေးကော်မတီကို စာတစ်စောင် ရေးသားခဲ့ပါတယ်။ အဲဒီစာကတော့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ဟစ်တ လာကိုပေးသင့်တယ်လို့ ရေးသားခဲ့ တာပါ။ နောက်ပိုင်းမှာတော့ အီရစ်ခ် ဟာ ဟစ်တလာကို နိုဘယ်ဆုပေးဖို့ စာရေးခဲ့တာဟာ သရော်မှုတစ်ခု သာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်း ခဲ့ပါတယ်။

မှတ်တမ်းကျန်ရှိခဲ့

နောက်ပိုင်းမှာ ဟစ်တလာကို နိုဘယ်ဆုပေးဖို့ အမည်စာရင်း တင်သွင်းမှုကို ဖယ်ရှားခဲ့ပေမယ့် ဟစ်တလာဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရဖူးတယ်ဆိုတဲ့ မှတ်တမ်း ကတော့ ကျန်သွားပါတယ်။ ဒါဟာ နမူနာယူစရာပါပဲ။ နိုင်ငံရေးအရ သရော်မှုဟာ ဘယ်လောက်ထိအောင် အန္တရာယ်များတယ်ဆိုတာကို ပြသ နေပါတယ်လို့ နိုဘယ်သမိုင်းပညာရှင် အဆလီဗင်းက အေအက်ဖ်ပီကို ပြော ပါတယ်။

မိုက်ကယ်ဂျက်ဆင်နှင့် နိုဘယ်ဆု

နောက်ထပ် အဖြစ်အပျက်တစ်ခု ရှိပါ‌သေးတယ်။ အဲဒါကတော့ ပေါ့ ဘုရင် မိုက်ကယ်ဂျက်ဆင်ကို ငြိမ်းချမ်း ရေးနိုဘယ်ဆုအတွက် လျာထားဖို့ တောင်းဆိုခဲ့တဲ့ အဖြစ်အပျက်ပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်က ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင်ကို ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် လျာထားဖို့ရာ သူရဲ့ ပရိသတ် ၁၅၀၀၀ ကျော်က အွန်လိုင်း ကနေ အသနားခံစာ တင်ခဲ့ပါတယ်။

အမည်စာရင်း တင်သွင်းခွင့်ရှိသူ

ဇန်နဝါရီ ၃၁ ရက်မတိုင်ခင် ပေးပို့ သမျှသော အဆိုပြုချက်တွေအားလုံးကို နိုဘယ်ကော်မတီက လက်ခံထားပါ တယ်။ ဒါပေမယ့် ဆုအတွက် အမည် စာရင်းတင်သွင်းရာမှာတော့ သက်ရှိ လူပုဂ္ဂိုလ် ဒါမှမဟုတ် လက်ရှိလှုပ်ရှား နေတဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုပါတယ်။ လူတိုင်းလူတိုင်းကို အမည်စာရင်းတင် သွင်းလို့ရတာ မဟုတ်ပါဘူး။ အမည် စာရင်းတင်သွင်းနိုင်တဲ့ လူတွေထဲမှာ ပါလီမန်အမတ်တွေ၊ နိုင်ငံအသီးသီး က ဝန်ကြီးတွေ၊ တက္ကသိုလ်က ပါမောက္ခတွေ၊ ကော်မတီက အရင်နဲ့ လက်ရှိအဖွဲ့ဝင်တွေကို တင်သွင်းလို့ ရပါတယ်။ အမည်စာရင်း တင်သွင်းခွင့် ရတဲ့ လူအရေအတွက်ဟာလည်း အများကြီးပါပဲ။

မူဆိုလီနီနှင့် စတာလင်

၁၉၃၅ ခုနှစ်က အီတလီ အာဏာ ရှင် မူဆိုလီနီကို သရော်တဲ့အနေနဲ့ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အောင်နိုင်သူတစ်ဦးဖြစ်တဲ့ ရုရှားခေါင်းဆောင် ဂျိုးဆက် စတာလင်ဟာလည်း ၁၉၄၅ ခုနှစ်နဲ့ ၁၉၄၈ ခုနှစ်တို့မှာ အမည်စာရင်း တင်သွင်း ခံရဖူးပါတယ်။ ဟစ်တလာ၊ စတာလင်နဲ့ မူဆိုလီနီတို့ဟာ ငြိမ်းချမ်း ရေးနိုဘယ်ဆုအတွက် တစ်ခါမှ လေး လေးနက်နက်ထားပြီး စဉ်းစားမခံခဲ့ရ ဘူးလို့ သမိုင်းပညာရှင် ဂီရာလန်ဒက် စတက်က ပြောပါတယ်။ နောက်ပြီး ထူးဆန်းတာက ကမ္ဘာပေါ်က အာဏာ ရှင်တွေဟာ သူတို့ကိုယ်သူတို့ အမည် စာရင်းတင်သွင်းခံရမှုကနေ ရှောင်ရှား ကြတယ်လို့ လန်ဒက်စတက်က ဆက် ပြောပါတယ်။

ဘောလုံးအားကစားနှင့်ငြိမ်းချမ်းရေး

၂၀၀၁ ခုနှစ်မှာတော့ အပြည်ပြည် ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် ဖီဖာကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဖီဖာအဖွဲ့ကို အမည်စာရင်း အဆိုပြုမှုနဲ့ ပတ်သက်ပြီး ဆွီဒင်ဥပဒေပြု အမတ် တွေက နောက်ကွယ်မှာ ပြောကြတာ ကတော့ ဘောလုံးအားကစားဟာ အပြည်ပြည်ဆိုင်ရာနဲ့ ထိတွေ့မှုကို ပိုပြီးဖန်တီးပေးနိုင်တယ်။ ကမ္ဘာကြီး ကို ငြိမ်းချမ်းမှုတွေပိုပြီး မျှဝေပေးနိုင် တယ်လို့ပြောဆိုခဲ့ကြပါတယ်။ ပထမ ဆုံးကမ္ဘာ့ဖလားကို စတင်ပေးခဲ့တဲ့ ဂျူလီရီမက်ကိုလည်း ၁၉၅၆ ခုနှစ် အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုမှာ အမည်စာရင်း တင်သွင်းခံရဖူးပါတယ်။

ကော်မတီကို မဆွဲဆောင်နိုင်

ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင်က တော့ ၁၉၉၈ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းဖို့ အကြောင်းဖန်လာပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ ကလေးတွေ ကို လိင်ပိုင်းဆိုင်ရာ မလျော်ကန်မှုတွေ ပြုလုပ်တယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိပေ မယ့် အဲဒီအချိန်တုန်းကတော့ ဒီစွပ်စွဲမှု တွေဟာ အရာမထင်သေးပါဘူး။ ဒါပေမယ့်လည်း မိုက်ကယ်ဂျက်ဆင်ရဲ့ သတင်းစကားဖြစ်တဲ့ ကမ္ဘာကြီးကို ကုသပါဆို တဲ့စကားဟာ ကော်မတီကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။ ရောမပါလီမန် က မိုက်ကယ်ဂျက်ဆင်ကို အမည် စာရင်းတင်သွင်းဖို့ စိတ်အားထက် သန်ခဲ့ပေမယ့် နိုဘယ်ကော်မတီ ကတော့ ထည့်သွင်းစဉ်းစားမှု မပြု ခဲ့ပါဘူးလို့ လန်ဒက်စတက်က ပြောခဲ့ပါတယ်။

ဂီတပညာရှင်နှင့်ငြိမ်းချမ်းရေးဆု

၂၀၀၁ ခုနှစ်မှာတော့ လန်ဒက် စတက်က နာမည်ကျော် ဂီတပညာ ရှင်ဟာလည်း နိုဘယ်ဆု မရနိုင် ဘူးလို့ မပြောနိုင်ဘူးဟု ပြောကြား ခဲ့ပါတယ်။ ဘော့ဂယ်ဒေါ့ဖ်၊ စတင်း တို့လည်း တစ်နေ့မှာတော့ နိုဘယ် ဆုကို မရနိုင်ဘူးလို့ မပြောနိုင်ဘူးလို့ လန်ဒက်စတက် က ပြောခဲ့ပါတယ်။

ယခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်း ရေးဆုကိုတော့ အောက်တိုဘာ ၁၁ ရက်မှာ ချီးမြှင့်ခံရမှာပဲ ဖြစ်ပါတယ်။

ဆုရရှိဖို့ခက်ခဲ

အဲဒီထဲမှာ နာမည်ကြီးနေတဲ့ လူတွေကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွီဒင်က ရာသီ ဥတု တက်ကြွလှုပ်ရှားသူ ဂရီတာ သွန်းဘတ်တို့ ပါဝင်ပါတယ်။ ဆွီဒင် နိုင်ငံက သဘာဝပတ်ဝန်းကျင် အရေး တက်ကြွလှုပ်ရှားသူ ဂရီ တာသွန်းဘတ်ကတော့ ကုလသမဂ္ဂ မှာ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ မိန့်ခွန်းကြောင့် လူသိများ ထင်ရှား လာပါတယ်။ နိုဘယ်ဆု ရရှိလိမ့်မယ် လို့ နာမည်ကြီးနေသူလေးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမည် စာရင်း တင်သွင်းခံရရုံနဲ့ ပျော်မနေ သင့်ဘူး။ ဒါဟာ အမည် စာရင်း တင်သွင်းရုံမျှသာဖြစ်ပြီး ဆုရဖို့က တော့ ပိုခက်ပါတယ်လို့ လန်ဒက် စတက်က ပြောခဲ့ပါတယ်။

ခြူးစန္ဒီနွေး

ကိုးကား -အေအက်ဖ်ပီ