ငါးကြီးဆီနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းတွေ

၃ နိုဝင်ဘာ

 

ငါးကြီးဆီ ငါးကြီးဆီဆိုပြီး သောက်နေကြပေမယ့် သူ့မှာ ရှိတဲ့အကျိုးကျေးဇူးတွေကို မသိတာ၊ ငါးကြီးဆီကို ဘယ်ပမာဏလောက် သောက်သင့်လဲဆိုတာကို မသိတဲ့ သူတွေ အများကြီးရှိပါသေးတယ်။ ဒီတော့ ဇဝေဇဝါတွေဖြစ်ပြီး ငါးကြီးဆီနဲ့ ပက်သက်လို့ မေးချင်နေတဲ့ မေးခွန်းတွေ အများကြီးရှိလိမ့်မယ်လို့ ထင်ပါတယ်။

 

Q – တစ်နေ့ကို ငါးကြီးဆီ ဘယ်လောက်သောက်ရမှာလဲ ။ ။

ငါးလည်းကြိုက်တယ် ငါးလည်းစားဖြစ်တယ်ဆိုရင် EPA နဲ့ DHA 500 mg ညီမျှစွာပါတဲ့ ငါးကြီးဆီတွေကို တစ်ပတ်လျှင် ၃ လုံးလောက်သောက်ပေးရုံနဲ့ရပါတယ်။

 

ငါးကို လုံးဝမကြိုက်ဘူး ငါးလည်း မစားဘူးဆိုတဲ့သူတွေကတော့ EPA နဲ့ DHA 900 mg ပါတဲ့ ငါးကြီးဆီကို တစ်နေတစ်လုံး သောက်ပေးဖို့လိုအပ်ပါတယ်။ ။

 

Q – ငါးကြီးဆီထဲမှာပါတဲ့ omega-3 fatty acids ကို ဘယ်ကနေရသလဲ ။ ။

အန်ကိုဗီငါး၊ ဆာဒင်းငါးနဲ့ မက်ကရယ်ငါးတို့လိုမျိုး ရေအေးဒေသမှာနေထိုင်တဲ့ အဆီများတဲ့ ငါးတွေကနေ အဓိကရပါတယ်။ EPA and DHA တို့ကိုတော့ အစေ့အဆံတွေနဲ့ နှမ်းကြတ်စေ့တို့ကနေ ရပါတယ်။

 

Q – ငါးတွေမှာ မာကျူရီပါတယ်ဆိုတော့ ငါးကြီးဆီမှာရော မာကျူရီ အဆိပ်ပါဝင်လား။

ငါးတော်တော်များများမှာ ပါဝင်တဲ့ မာကျူရီတွေကို သေချာလေ့လာစမ်းသပ်မှုမျိုးတွေ မရှိပေယမ့် ငါးကြီးဆီမှာတော့ မာကျူရီပါဝင်မှု ကို စမ်းသပ်ပြီး မရှိဘူးဆိုတာ သေချာမှ ထုတ်ထားတဲ့အတွက်ကြောင့် ငါးကြီးဆီကို စိတ်ချသောက်လို့ရပါတယ်။

 

Q – ကပ်ဆူးအပျော့တောင့် ကြည်ကြည့်လေးတွေ အပြင် ငါးကြီးဆီကို ဘယ်လိုပုံစံမျိုးတွေနဲ့ ရနိုင်သလဲ ။

ငါးကြီးဆီ တော်တော်များများကို အကြည်ရောင် ကပ်ဆူးလ်အပျော့လေးတွေနဲ့ ထုတ်တာပါ။ ဒါပေမယ့် တစ်ချို့ ကပ်ဆူးလ်တောင့်ကို မျိုချလို့မရတဲ့ မွေးကင်းစကလေးတွေ၊ အသက်ကြီးတဲ့သူတွေ အတွက်တော့ ငါးကြီးဆီအရည်ရှိပါတယ်။

 

Q – အားကစားသမားတွေရော ငါးကြီးဆီသောက်ရင် စိတ်ချရသလား။ ။

ငါးကြီးဆီဟာ နှလုံးကို အားကောင်းစေတယ်၊ ကြွက်သားတွေကို သန်မာစေတယ်၊ အဆစ်အမြစ်တွေကို ကြံ့ခိုင်စေတာကြောင့် အားကစားသမားတွေ ငါးကြီးဆီသောက်လို့ရပါတယ်။

 

Q – ငါးကြီးဆီကို ဘယ်အချိန်မှာ သောက်ရင်အကောင်းဆုံးလဲ ။ ။

အဆီပုံစံဖြည့်စွက်စာတစ်မျိုးဖြစ်လို့ အစားနဲ့အတူတွဲသောက်တာ အကောင်းဆုံးပါ။

 

Q – အားအင်ကိုလည်း ဖြည့်စွမ်းပေးနိုင်မယ်၊ ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကိုလည်း လိုချင်တယ်ဆိုရင် ငါးကြီးဆီသောက်ရမှာလား ။

 

ငါးကြီးဆီမှာ အားအင်ကို ပြန်ဖြည့်ပေးတဲ့ အာနိသင်ရော ၊ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ရော ရှိတာကြောင့် ငါးကြီးဆီကသာ အသင့်တော်ဆုံးပါ။

 

 

ရေးသားသူ -Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”