ငပလီကမ်းခြေဒေသတွင် ပလတ်စတစ်ပြန်လည်သန့်စင်အသုံးပြုသော စက်ရုံဖွင့် 

နေပြည်တော်  ၁၀  ဇန်နဝါရီ 

 

ရခိုင်ပြည်နယ်၏အဓိကခရီးစဉ်ဒေသတစ်ခုဖြစ်သော ငပလီကမ်းခြေ၏ သာယာလှပမှု ပုံရိပ်ကောင်းများ ရေရှည်တည်တံ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေးအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏  ကြီးကြပ်လမ်းညွန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (စစ်တွေရုံးခွဲ)၏ ပံ့ပိုးမှု ၊ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) နှင့် ဂျာမဏီနိုင်ငံအခြေစိုက် Stiftunglife Foundation တို့မှ ပူးပေါင်းကူညီမှုများဖြင့် ငပလီကမ်းခြေဒေသတွင် ပလတ်စတစ်ပြန်လည်သန့်စင်အသုံးပြုသော စက်ရုံဖွင့်ပွဲကို ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေး၊အခွန်၊စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ၊ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

 

3

 

အခမ်းအနားကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (စစ်တွေရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးရဲအောင်မိုး ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ ၊ Stiftunglife Foundation မှ Mr.Juergen Gessner နှင့်တာဝန်ရှိသူများ၊ ၊ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) ဥက္ကဋ္ဌ ဦးသန်းဦး ၊ ငပလီကမ်းခြေဒေသရှိ လိုင်စင်ရဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာများမှ တာဝန်ရှိသူများ နှင့်ဒေသခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ 

 

4

 

အခမ်းအနားတွင် Stiftunglife Foundation ၏ တာဝန်ရှိသူ Mr.Juergen Gessner မှ စက်ရုံသုံး ပစ္စည်းများကိုလှူဒန်းပေးခဲ့ရခြင်းအခြေအနေများကိုလည်းကောင်း၊ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) ဥက္ကဋ္ဌဖြစ်သူ ဦးသန်းဦးမှ စက်ရုံတည်ဆောက်မည့်မြေနေရာနှင့်စက်ရုံအဆောက်အဦတို့ကို ဟိုတယ်ဇုန်ဘက်မှ ပူးပေါင်းပံ့ပိုးပေးခဲ့ပြီး ယခုကဲ့သို့ ပလတ်စတစ်ပြန်လည်သန့်စင်အသုံးပြုသော စက်ရုံတစ်ခု ပေါ်ပေါက်လာအောင် အကောင်အထည်ဖော်ဆောင်ခဲ့မှုအခြေအနေများအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် စက်ရုံအဆောက်အဦအတွင်း စက်များတပ်ဆင်ထားမှုအခြေအနေနှင့်စွန့်ပစ် ပလတ်စတစ်များကို ပြန်လည်သန့်စင်ပြီး ကုန်ချော ပလတ်စတစ်စေ့များအဖြစ် ထုတ်လုပ်ပုံအဆင့်ဆင့်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက် ရှိသည်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

 

MDN