ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို‌) ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကာယ၊ ဉာဏဂိမ်းကစားပြိုင်ပွဲများ ကျင်းပ

ငါးသိုင်းချောင်း၊ ဒီဇင်ဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကာယ၊ ဉာဏ ဂိမ်းကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ငါးသိုင်းချောင်းမြို့ လူထုအ‌ခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းယုဝေက လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို အ.လ.က(ခွဲ)မြို့သစ်မှ ကျောင်းသားကျောင်းသူများသို့ ဟောပြောပေးခဲ့ပြီး ဆက်လက်၍ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ အဆိုပါကျောင်းရှိ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

လူထုအခြေပြုဗဟိုဌာနရှိ ကလေးစာဖတ်ခန်းနှင့် ကလေးကစားကွင်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ စသည့် ကာယ၊ ဉာဏဂိမ်းကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ အ.လ.က(ခွဲ)မြို့သစ်မှ ကျောင်းသား၊ ကျောင်းသူ(၂၀) ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲများအပြီး၌ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးစာရေးကိရိယာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ပြိုင်ပွဲများကို ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ.လ.က(ခွဲ)မြို့သစ်ကျောင်းရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ စာပေချစ်မြတ်နိုးသူများအသင်း (BookClub,Youth Club, Women Club) အသင်းအဖွဲ့ဝင်များနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏ စွမ်းရည် တိုးတက်မြင့်မားလာစေရေးအတွက် ပူးပေါင်းစီစဉ် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

မြို့(ပြန်/ဆက်)