ငါးသိုင်းချောင်း ဇူလိုင် ၂၆

 

ဧရာဝတီတိုင်းဒေသကြီး  ငါးသိုင်းချောင်းမြို့တွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်မှုရွာစီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် ဝါးခမောက်နှင့် နှီးဦးထုပ် နည်းပညာသင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၄ ရက်က မအူကုန်းကျေးရွာအုပ်စု စံပြကျေးရွာ၌ ပြုလုပ်သည်။

 

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်က အမှာစကား ပြောကြားသည်။   

 

ထို့နောက် တိုင်းဒေသကြီး MSME အေဂျင်စီဥက္ကဋ္ဌ စည်ပင်သာယာရေးဝန်ကြီး  ဦးမောင်မောင်ဦးက ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး ဆင်းရဲနွမ်းပါးမှုကို လျော့နည်းပပျောက်စေနိုင်ကြောင်း ဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက လက်မှုရွာစီမံကိန်း လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး ကျုံပျော်ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုဇင်က သင်တန်းအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)