ငါ့သရောက်မြို့နယ် တစ်နယ်လုံး မိုးစတင်ရွာသွန်းခြင်းကြောင့် မြေပဲနှင့်နှမ်းများစတင်  စိုက်ပျိုး

ငါ့သရောက်   ၂၁  မေ

 

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်တွင် မေလ ၂၀ရက်နေ့ ည နေပိုင်း ၃ နာရီ ၁၅ မိနစ်အချိန်က ရွာသွန်းခဲ့သည့်မိုးကြောင့် ငါ့သရောက်မြို့နယ်ရှိကျေးလက် တောင်သူများ မြေပဲနှင့် နှမ်းများ ကြဲပက်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။

 

ညောင်ဦးခရိုင် ငါ့သရောက်မြို့သည် မိုးရာသီတစ်ရာသီသာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရသည့် ဒေသ ဖြစ်ကြောင်း၊ မိုးဦးကျမိုးစတင်ရွာသွန်းလျှင် အဆင်သင့် စိုက်ပျိုးကြဲပက်နိုင်ရန်အတွက် နွေရာသီမှာပင် ယာမြေပြုပြင်မှုများ၊ မြေဆီနှပ်ထားခြင်းများ၊ ယာခင်းစပ်(နလယ်) ခုတ်ခြင်းများ ရှင်းလင်း ထားရှိကြောင်း၊ ယခုလိုမိုးရွာသွန်းမှုများချိန် အဆင်သင့်ကြဲပက်စိုက်ပျိုး နိုင်အောင်လုပ်ထားခြင်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ တောင်သူ ဦးသက်နိုင်က ရှင်းပြသည်။

 

ငါ့သရောက်မြို့နယ်တွင် မိုးရာသီ စိုက်ပျိုးသီးနှံများအဖြစ် မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ပဲနောက်၊ ပြောင်းသီးနှံများသာ အဓိကထားစိုက်ပျိုးကြ ကြောင်းသိရသည်။ မိုးသီးနှံစိုက်ပျိုးပြီး နောက်မိုး မလိုက်ပါက မိုးလယ်မိုးဖြင့် မြေပဲပြန်စိုက်ပျိုး နိုင်အောင်စီစဉ်စိုက်ပျိုးကြကြောင်း ငါ့သရောက်မြို့ ဆင်သားမွေးကျေးရွာ တောင်သူဦးစိုးနိုင်မှ ရှင်းပြသည်။မိုးကြိုအဖြစ် စိုက်ပျိုးထားသည့် မြေပဲ၊ နှမ်းများ ပျက်စီးကုန်ကြောင်း၊ ယခုမိုးဦး မိုးဖြင့် ငါ့သရောက်တစ်နယ်လုံး မြေပဲနှင့် နှမ်းများ ကြဲပက်စိုက်ပျိုးကြပြီဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျာက်ပန်းတောင်း