နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းဖို့လို

သောကြာ၊  ဖေဖော်ဝါရီ  ၂၄၊  ၂၀၂၃

 ပြီးခဲ့သည့် နှစ်နှစ်တာကာလကို  ပြန်ကြည့်လျှင် မိမိတို့နိုင်ငံ သည် ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသည်။  ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ ထိခိုက်ကျဆင်းခဲ့ရသည်။ မြွေပူရာကင်းမှောင့်ဆိုသည့်နှယ် ထိုကာလအတွင်းက  နိုင်ငံစီးပွား  ပျက်စီးစေရန်အတွက် ဘဏ်စနစ်များပြိုလဲအောင် ထိုးနှက်တိုက်ခိုက်မှုများလည်း ရှိခဲ့ရာ     ဘဏ်စနစ်မပြိုလဲစေရန်၊  နိုင်ငံ့စီးပွားရေး  ထိခိုက်  ပျက်စီးမှုမဖြစ်စေရန် အစိုးရက ထိန်းသိမ်းဆောင်ရွက်ခဲ့ရ  သည်။
ထို့အပြင် နိုင်ငံတော်အစိုးရက ပြည်တွင်းကုန်ထုတ်လုပ်မှု ကို အားပေးပြီး   ပြည်တွင်းစီးပွားရေးကို   မြှင့်တင်ခဲ့သည့် အတွက်  နိုင်ငံတွင်   စားရေရိက္ခာရှားပါးမှု၊  ပြတ်လပ်မှုနှင့် မတွေ့ကြုံရဘဲ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုမူ အများနိုင်ငံ တို့နည်းတူ ခံစားခဲ့ကြရသည်။ ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါ ကမ္ဘာတစ်ခွင်  ကူးစက်ပျံ့နှံ့နေမှုနှင့် ကမ္ဘာ့ နိုင်ငံရေး အခြေအနေတင်းမာမှု စသည်တို့က ကမ္ဘာတစ်ဝန်းလုံး တွင် ကုန်ပစ္စည်းရှားပါးမှု၊ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်မှု တို့ကို   ဖြစ်ပေါ်စေခဲ့ပြီး   ဆက်စပ်၍    ဖြစ်ပေါ်လာသည့် အကျိုးဆက်များကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးတို့  ခံစားခဲ့ကြ ရသည်။       မိမိတို့နိုင်ငံအနေဖြင့်     စိုက်ပျိုးရေးအခြေခံ သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်   ရေလုပ်ငန်းတို့မှ ထုတ်လုပ်သည့် စားရေရိက္ခာများ ပြည်တွင်း အတွက်  ဖူလုံသည့်အပြင်   ပြည်ပသို့လည်း  တင်ပို့နိုင်သည့် နိုင်ငံဖြစ်ရာ    ကုန်ထုတ်လုပ်မှု   တိုးမြှင့်နိုင်သည်နှင့်အမျှ  နိုင်ငံ့စီးပွားရေး  ပိုမိုမြင့်မားလာနိုင်သည့်   နိုင်ငံမျိုးလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်မူ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ် နိုင်သည့် အခြေအနေနှင့်အတူ ကုန်ထုတ်လုပ်မှု   ကောင်းမွန် လာခြင်း၊ နယ်စပ်ကုန်သွယ်မှုများ အတိုင်းအတာတစ်ရပ်အထိ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လာနိုင်ခြင်းတို့ကြောင့် လုပ်ငန်း များ ပြန်လည် လည်ပတ်လာနိုင်ခြင်းနှင့်အတူ နိုင်ငံ၏ စီးပွား  ရေးသည် အနုတ်လက္ခဏာပြနေရာမှ အပေါင်းလက္ခဏာဆီသို့ တိုးတက်လာခဲ့သည်။ တစ်ဖက်တွင်လည်း နိုင်ငံ့စီးပွားရေး မြှင့်တင်ရေး ရန်ပုံငွေများဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးဆောင်ရွက် မှုများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဆိုပါက အတိုင်း ထက်အလွန်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံ့ဝင်ငွေ တိုးတက်စေ ရေးအတွက် နိုင်ငံတော်အစိုးရက ပြည်တွင်းကုန်ထုတ်လုပ်မှု များ တိုးတက်စေရေး အားပေးမှုနှင့်အတူ ဒေသအသီးသီးတွင် ရှိနေသော ကုန်ထုတ်လုပ်သူများ၏ အားထုတ်ကြိုးပမ်းမှုများ ကြောင့် လုပ်ငန်းများ တိုးတက်မှုနှင့်အတူ နိုင်ငံ့စီးပွားရေး သည်လည်း ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည် မိသည်။ 
ယခုအခါ အကြမ်းဖက်အဖျက်သမားတို့က လမ်းတံတား အခြေခံအဆောက်အအုံများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ နိုင်ငံ့ စီးပွားရေးအတွက် အရေးပါသည့် လျှပ်စစ်ဓာတ်အားတာဝါ တိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များကို ဖြိုလှဲခြင်းတို့ဖြင့်   အဖျက်လုပ်ရပ်များကို ကျူးလွန်နေကြရာ ပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးနှင့် တစ်ဆက်တစ်စပ် တည်းဖြစ်သည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို ဖျက်ဆီး နေကြခြင်းပင်ဖြစ်သည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးတို့ အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး တည်ဆောက်မှု  တွင်  ပြည်သူအားလုံးက   တစ်တပ်တစ်အား ပါဝင်ကြရပါမည့် အကြောင်း။       ။

မြန်မာ့အလင်း