နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပ

တမူး  ၁၇ ဇန်နဝါရီ 


စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး၊ တမူးခရိုင် ဦးစီးမှူးတို့၏ ကြီးကြပ်မှုဖြင့် တမူးမြို့နယ်အတွင်း ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၆၄ ကတ် ပေးအပ်ပွဲ အခမ်း အနား ကို တမူးမြို့နယ် မြို့မရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသည်။


အခမ်းအနားသို့ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်၊ တမူးခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး၊ ဒုတိယညွန်ကြားရေးမှူး ဦးအောင်မျိုး၊ မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးမောင်မောင်တာ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်းအင်အား  ၂၅၀  ဦးတက် ရောက်ခဲ့ကြောင်း သိရှိရသည်။ 


ရန်နိုင်မင်း၊ တမူး(လဝက)