နမ့်ခမ်းမြို့(စခန်းသစ်)ကုန်းတွင် တည်ထားကိုးကွယ်သော ပြည်ငြိမ်းချမ်းစေတီတော်မြတ်အား ဌာပနာ သွင်းလှူပူဇော်

နမ့်ခမ်း ၄ ဇန်နဝါရီ

 

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် (စခန်းသစ်)ကုန်းရှိ ခြေမြန်းတပ်ရင်းတပ်တွင်းတွင် တည်ထားကိုးကွယ်ကြမည့် ပြည်ငြိမ်းချမ်းစေတီတော်၏ ဌာပနာသွင်းလှူပူဇော်ပွဲ၊ ရွှေထီးတင်လှူပွဲနှင့် အနေကဇာတင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် နမ့်ခမ်းမြို့(စခန်းသစ်)ကုန်းရှိ ခြေမြန်တပ်ရင်း တပ်တွင်း၌ ကျင်းပကြောင်း သိရသည်။

 

111

 

အခမ်းအနားကို " နမော တဿ " (၃)ကြိမ် ရွတ်ဆို ပူဇော်ဖွင့်လှစ်၍ ပင့်ဖိတ်သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နမ့်ခမ်းမြို့ ခြေမြန်တပ်ရင်းတပ်မမှူး  ဗိုလ်မှူးကြီး ဇော်မြင့်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များနှင့် အလှူရှင်များက ကြွရောက်လာကြသည့် သံဃာတော် အရှင်သူမြတ်များထံမှ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။

 

222

 

ဆက်လက်၍ နမ့်ခမ်းမြို့ ခြေမြန်တပ်ရင်း တပ်မမှူး  ဗိုလ်မှူးကြီး ဇော်မြင့်ဦးက ပြည်ငြိမ်းချမ်း စေတီတော် တည်ထားကိုးကွယ်ရခြင်းမှာ ဒေသတွင်ရှိသည့် တိုင်းရင်းသား ညီအစ်မောင်နှများအားလုံး တည်ငြိမ်အေးချမ်းစေရန် တည်ထားကိုးကွယ်ရခြင်း၊ ယနေ့တွင် ကျရောက်သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ပြည်ငြိမ်းချမ်းစေတီတော်အား ဌာပနာသွင်းလှူပူဇော်ခြင်း၊ ရွှေထီးတင်လှူခြင်းနှင့် အနေကဇာတင် ပူဇော်ကြပြီး သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေပေးပြီး ဗုဒ္ဓသာသနံ စိရံတဋ္ဌတု (၃)ကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းသည်။

 

အခမ်းအနားသို့ နမ့်ခမ်းမြို့ ခြေမြန်တပ်ရင်းတပ်မမှူး ဗိုလ်မှူးကြီး ဇော်မြင့်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြောင်း သတင်းရရှိသည်။

 

မြို့နယ်(ပြန်/ဆက်)

 

333