နမ္မတူတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများအား အများပြည်သူအသိပညာပေး ပြသထား

နမ္မတူ ဒီဇင်ဘာ ၂၀

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများအား အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသခြင်းကို ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

 

အဆိုပါနံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မှတ်တမ်းဓါတ်ပုံများ၊ ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများကို ဗီနိုင်းပိုစတာများဖြင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသဆောင်ရွက်ထားကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)