နည်းပညာတက္ကသိုလ် (ဆိုင်ဘာစီးတီး)တွင် ပထမအကြမ် နိုင်ငံခြားကျောင်းသားများအား ဘွဲ့ပေးမည်

မန္တလေး ၇ ဖေဖော်ဝါရီ 

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ဆိုင်ဘာစီးတီး) တွင် ပထမအကြိမ်နိုင်ငံခြားသားကျောင်းသားများအား ဘွဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ထုတ်ပြန်ချက်အရ သိရသည်။

 

နည်းပညာတက္ကသိုလ် (ဆိုင်ဘာစီးတီး) သည် နိုင်ငံခြားတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ပြီး ဂျပန်နိုင်ငံ မီယာဆာကီ တက္ကသိုလ်နှင့် မဟာအင်ဂျင်နီယာဘွဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုရှိသည်။

 

ဂျပန်နိုင်ငံ မီယာဆာကီ တက္ကသိုလ်နှင့် မဟာအင်ဂျင်နီယာဘွဲ့ Double Degree Program အစီအစဉ်တွင် ဂျပန်ကျောင်းသား/သူ (၃) ဦးသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၁၇ ခုနှစ် မတ်လအထိ မဟာအင်ဂျင်နီယာသုတေသနကျမ်းများ ပြုစုပြီးဖြစ်၍ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်ဘွဲ့နှင်းသဘင်၌ ဘွဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နည်းပညာတက္ကသိုလ် (ဆိုင်ဘာစီးတီး) ကို ၂၀၁၀ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင်လည်း ဂျပန်နိုင်ငံ မီယာဆာကီ တက္ကသိုလ်မှ ဂျပန်ကျောင်းသား/သူ (၃) ဦး တက်ရောက်လျက်ရှိသည်။

 

သူရိန်လင်း