နည်းပညာတက္ကသိုလ် (ရမည်းသင်း)၌ ကြက်ခြေနီ ခြေဦးပြုစုနည်း သင်တန်းဆင်းပွဲကျင်းပ

ရမည်းသင်း  ၇  သြဂုတ်

 

ကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၁/၂၀၁၉) ဆင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက မန္တလေးတိုင်းဒေသကြီး နည်းပညာတက္ကသိုလ် (ရမည်းသင်း) ဘွဲနှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ခင်သီတာလွင်မှ အမှာစကား ပြောကြားပြီး နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကြက်ခြေနီအသင်းခွဲအား ဆေးအိပ်များ ထောက်ပံ့ပေးအပ်ရာ နည်းပညာတက္ကသိုလ် (ရမည်းသင်း) ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဒေါက်တာ ပြုံးလဲ့ဆွေမှ လက်ခံရယူပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကြက်ခြေနီ ခြေဦးပြုစုနည်းသင်တန်းမှ သင်တန်းသား သင်တန်းသူများမှ ခြေဦးပြုစုခြင်းနှင့် လူနာသယ်ဆောင်နည်း စွမ်းရည်ပြသခဲ့ကြပြီး တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

 

အဆိုပါ သင်တန်းကို မန္တလေးတိုင်းဒေသကြီး အဆင့်မြင့်ပညာဦးစီးဌာန နည်းပညာတက္ကသိုလ်(ရမည်းသင်း)နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ၁၅ ရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ နည်းပညာတက္ကသိုလ် (ရမည်းသင်း) သင်တန်းသား သင်တန်းသူ ၂၁၅ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။


ဇော်ဝင်းအောင်(ရမည်းသင်း)