နယူးယောက်ကနေ စင်ကာပူကို တိုက်ရိုက်ပျံသန်းမှာဖြစ်တဲ့အတွက် ကမ္ဘာ့အရှည်ကြာဆုံး လေယာဉ် ပျံသန်းချိန်ဖြစ်လာ

၁၂ အောက်တိုဘာ

နယူးယောက်ကနေ စင်ကာပူကို ပျံသန်းမယ့် ကြာချိန် ၁၉ နာရီ ကို လေယာဉ်မှူး၂ ဦး အပါအဝင် လေယာဉ်ဝန်ထမ်း ၁၇ ဦး နဲ့အတူ ခရီးသည် ၁၅၀ တို့ဟာ မနေ့က ကြာသပတေးမှာ ခရီးစဉ်စထွက်ခွာလာပြီ ဖြစ်ပါတယ်။ 

 

စင်ကာပူလေကြောင်းရဲ့ လေယာဉ် SQ22 မှာ အထူးခုံ (business class) ၆၇ ခုံနဲ့ ရိုးရိုး (premium economy) ၉၄ခုံ ပါရှိတဲ့အတွက် ခရီးသည်စုစုပေါင်း ၁၆၁ ဦး တင်ဆောင်တာကိုတွေံရပါတယ်။  ခရီးသည်တွေအတွက် နာရီပေါင်း ၁၂၀ဝ နားဆင်ကြည့်ရူနိုင်တဲ့ ဖျော်ဖြေရေးလည်း ပါရှိပါတယ်။ လေယာဉ်ပေါ်မှာ အစားအစာအတွက် အော်ဂန်းနစ်အစားအစာကို ပြင်ဆင်ထားပါတယ်။

 

 

လေယာဉ်မျက်နှာကျက်က ပုံမှန်ထက်မြင့်ပြီး ပြတင်းပေါက်တွေက ခပ်ကျယ်ကျယ်နဲ့ အလင်းရောင် ကောင်းကောင်းရအောင် စီစဉ်ပေးထားခြင်းအားဖြင့် ခရီးသည်တွေ နေ့ညမှားတာ လျော့နည်းအောင် လုပ်ဆောင်ပေးထားပါတယ်။ 

 

လေယာဉ်အမှုထမ်းတွေဟာ အလုပ်ကိုခွဲခြားပြီး လုပ်ဆောင်မှာဖြစ်ပြီး တစ်ဦးကို အနည်းဆုံး ၄ နာရီ လေယာဉ်ပျံသန်းနေစဉ်မှာ အနားယူရမယ်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။ 

MDN
ကိုးကား- AFP