ပျော်ဘွယ်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြွေလှေ့ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ပျော်ဘွယ်   ဒီဇင်ဘာ   ၂၀

 

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ကျူတောဝကျေးရွာ၊ ကွင်းအမှတ်(၁၉၁)၊ ဦးပိုင်အမှတ်(၇၂/၁)၊ တောင်သူ ဦးသိန်းတန် စိုက်ပျိုးထားသည့် မနောသုခမိုးစပါး (၀.၆၄)ဧကအား စံကွက်ရိတ်သိမ်းခြွေလှေ့ခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီက အဆိုပါကွင်း၌ ပြုလုပ်သည်။

 

အဆိုပါ မနောသုခ မိုးစပါးစံကွက်ရိတ်သိမ်းခြွေလှေ့ခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းညွန့်နှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်နှင့်ဝန်ထမ်းများ၊ အနီးဝန်းကျင်မှ တောင်သူများ တက်ရောက်ခဲ့ပြီး ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးကြသည်။

 

မနောသုခမိုးစပါးစံကွက်အား ရမည်းသင်းမြို့နယ်မှ သစ်ဆုံဆည်ရေဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ကောက်ရိတ်စက်အသုံးပြု၍ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း (၉၈ ဒသမ ၁၄)တင်းနှုန်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မင်းမင်းထွေး(ပျော်ဘွယ်)