ဖားကန့်မြို့၌ ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း မြေပြိုကျမှုဖြစ်ပွားကာ လူနှစ်ဦးပျောက်ဆုံးနေ

ဖားကန့် ဒီဇင်ဘာ ၂၀

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ ရှရော်ခကျေးရွာနှင့် မနကျေးရွာကြားရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း၌ ဒီဇင်ဘာ ၁၉ ရက် နံနက် ၅ နာရီခန့်က မြေပြိုကျမှုဖြစ်ပွားကာ လူနှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

 

ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ရေကန်ထဲသို့ ပေ(၁၀၀) ခန့်အကျယ် မြေစာလျှောကျမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မြေစာပြိုကျမှုကြောင့် လက်ရှိအချိန်ထိ လူနှစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)