ပခုက္ကူ ဇူလိုင် ၂၆
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ပခုက္ကူပညာ ရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီဘောလုံး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ကျင်းပသည်။
ဦးစွာ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အနော်ရထာအသင်းနှင့် အလောင်းဘုရားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အနော်ရထာအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိသည်။
မိုးရာသီအားကစားပြိုင်ပွဲအဖြစ် ဘော်လီဘော(ကျား/မ)၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့် ဘောလုံးအားကစားပြိုင်ပွဲများကို ဇွန် ၂၉ ရက်မှ ဇူလိုင်၂၃ ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသူများအား ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်သန်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


