ပခုက္ကူ ဇန်နဝါရီ ၂၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။ 

ဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်အောင်လှက “ပြည်ထောင်စုစိတ်ဓာတ်အခြေတည် ပင်လုံမှသည်” ခေါင်းစဉ် ဖြင့် အသိပညာပေး ရှင်းလင်းဟောပြောသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ သင်တန်းရေးရာဌာနမှူး ဒေါက်တာစိုးစိုးထွေး၊ ဘာသာရပ်ဆိုင်ရာပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)