ပြဿနာတွေရှိနေလား AGONY AUNTS ကို မေးရအောင်

၁၁ စက်တင်ဘာ

 

တရုတ်နိုင်ငံရှိ အွန်လိုင်းကနေ အမေးအဖြဝန်ဆောင်မှု လုပ်ပေးတဲ့ ဂါးဇွန်းဂိုင်အိုင် (Gu Zhongyi) လို ပညာရှင်တွေ ရှိနေပါတယ်။ အဲဒီမှာ အများအားဖြင့် တရုတ်အမေရိကန် ကုန်သွယ်ရေးစစ်ရဲ့ အကျိုးဆက်တွေ၊ လိင်ဆက်ဆံမှု စွဲလမ်းခြင်းရဲ့ အကျိုးဆက်တွေနဲ့ အိမ်အသစ်ဝယ်ချင်တာမျိုးတွေအထိ မေးမြန်းအဖြေရှာလေ့ရှိပါတယ်။ 

 

ဂါး (Gu)ဟာ ဘေဂျင်းရှိ ထိပ်တန်းဆေးရုံတစ်ရုံက အစာအဟာရပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီအလုပ်က ထွက်ပြီး အွန်လိုင်းကနေ ကလေးတွေနဲ့ မိခင်တွေအတွက် အစာအဟာရနဲ့ ပတ်သတ်တဲ့ အမေးအဖြေကို ဝန်ဆောင်မှုပေးနေပါတယ်။ 

 

“ဆေးရုံသွားမယ်။ ဒါမှမဟုတ်ရောဂါလက္ခဏ အကြောင်းကို စာအုပ်ဝယ်ဖတ်မယ်ဆိုရင် အချိန်ကုန်မယ် ငွေပိုကုန်မယ်။ အဲဒါတွေ ကျနော် လုပ်ပေးနိုင်ပါတယ်” လို့ ဂါး (Gu) ကဆိုပါတယ်။ 

 

ဂါး လိုဘဲ တခြားသော နယ်ပယ်အသီးသီးက ထောင်ချီတဲ့ ပညာရှင်တွေကလည်း သူတို့ရဲ့ အကြံဉာဏ်တွေကို agony aunts ဝက်ဆိုက်ဒ်ကို အခြေပြုထားတဲ့ တရုတ်အင်တာနက် ဖိုရမ်မှာ ရောင်းနေကြတာကို တွေ့ရပါတယ်။ 

 

ကုန်သွယ်ရေးစစ်၊ လိင်ကိစ္စ အစရှိတဲ့ ပြောဖို့ဆိုဖို့ ပွင့်ပွင်းလင်းလင်းမရှိတဲ့ အကြောင်းအရာတွေမှာ တရုတ်ကွန်မြူနစ်အစိုးရက သတင်းအချက်အလက်တွေကို ထိန်းချုပ်ထားပါတယ်။ အဲဒီလို အကြောင်းအရာတွေကို ပညာရှင်နဲ့ လူကိုယ်တိုင်သွားရောက် မေးမြန်းဖို့ဆိုတာ ငွေကုန်ကျ သိပ်များလွန်းလှပါတယ်။ 

 

တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာ ဝီးဘို (Weibo) ပေါ်ရှိ Wenda အမေးအဖြေကဏ္ဍကနေ တစ်နေ့ကို မေးခွန်းပေါင်း တစ်သောင်းလောက် မနှစ်ကမေးခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာ ဝီးဘို (Weibo) ပေါ်မှာ ဘဏ္ဏာရေး၊ ကျန်းမာရေးနဲ့ တခြားကဏ္ဍတွေရဲ့ ပညာရှင်တွေက အမေးအဖြေတွေ လုပ်ပေးပြီး ဝင်ငွေရရှိနေပါတယ်။ 

 

Wenda အမေးအဖြေကဏ္ဍကနေ မှာရှိတဲ့ ပညာရှင်အများစုဟာ ယုံကြည်ရတဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။ သူတို့က မေးခွန်းတစ်ခုကို တရုတ်ယွမ် ၁၀ဝ -၂၀ဝ (အမေရိကန်ဒေါ်လာ ၁၅ -၃၀) ကြား ဈေးသတ်မှတ်ထား ပါတယ်။ 

 

ဒါ့အပြင့် နောက်ထက်ဝင်ငွေ အများစုကို စနူးပီး(snooping) ကနေ လည်းရရှိပါတယ်။ snooping  မှာ အရင်က မေးပြီးသာ မေးခွန်းအဟာင်းတွေကို ပြန်ဖတ်ချင်ရင် တစ်ယောက်ကို တစ်ယွမ် ပေးရပါတယ်။  snooping ဟာ မိုဘိုင်းဖုန်းကနေ ငွေပေးချေနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

 
Wenda အမေးအဖြေကဏ္ဍကနေဟာ တရုတ်နိုင်ငံရဲ့ ဗဟုသုတဆိုင်ရာ ဈေးပွားရေးဈေးကွက်ကြီး ဖြစ်လာပါလို့ ဘေကျင်းအခြေစိုက် အင်တာနက် သုတေသန ကုမ္ပဏီ ဆူးတူး အင်စတီကျူ (Sootoo Institute) ရဲ့ အစီရင်ခံစာမှာ ဖြေပြထားပါတယ်။ 

 

၂၀၁၇ ခုနှစ်မှာ ဗဟုသုတတွေ ရရှိဖို့အတွက် Wenda အမေးအဖြေကဏ္ဍ နဲ့ ဝယ်ယူဖတ်ရှုရတဲ့ သတင်းဆောင်းပါတွေ အပေါ်မှာ ဝယ်ယူသုံးစွဲခဲ့သူပေါင်း  ၁၈၈ သန်း ရှိခဲ့တယ်လို့ အဲဒီ သုတေသန အစီရင်ခံစာမှာ ဆိုထားပါတယ်။

 

MDN
ကိုးကား- AFP