ပွင့်ဖြူမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၃၉)လုံး ထိခိုက်ပျက်စီး

ပွင့်ဖြူ မေ ၂၁

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မေ ၂၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ လူနေအိမ် (၁၃၉)လုံး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ရေပုတ်ကလေးကျေးရွာအုပ်စုတွင် လူနေအိမ် (၉)လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၆)လုံး ပြိုလဲကျခြင်း၊ ကျောင်းကုန်းကျေးရွာအုပ်စုတွင် လူနေအိမ် အလုံး(၆၀) အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ် (၆)လုံး ပြိုလဲကျခြင်း၊ မဒဲကျေးရွာအုပ်စုတွင် လူနေအိမ်(၁၇)လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ် (၅)လုံး ပြိုလဲကျခြင်း၊ မုန်းဇလဲကျေးရွာအုပ်စုတွင် လူနေအိမ်(၃၃)လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၃)လုံး ပြိုလဲကျခြင်းတို့ ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူနေအိမ် (၁၃၉)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထိခိုက်ပျက်စီးသည့် လေဘေးသင့်အိမ်ထောင်စုများအား အဆင်ပြေစွာနေထိုင်နိုင်ရေး ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများက လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)