ပန်းချီဆရာ (၅၁) ဦး၏ (RAYTHM OF DREAM Art Exhibition)  ပန်းချီပြပွဲ၊ ဖွင့်ပွဲကျင်းပ

မန္တလေး ၅  ဇန်နဝါရီ

 

ရန်ကုန်-မန္တလေး ပန်းချီဆရာ (၅၁)ဦး၏ (RAYTHM OF DREAM Art Exhibition) ပန်းချီပြပွဲ၊ ဖွင့်ပွဲကို ဇန်နဝါရီ၊ (၅)ရက်၊ နံနက် ၉ နာရီခွဲက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၁ လမ်း၊ ၂၇x၂၈ လမ်းကြားရှိ ရွှေနန်းတော် ပန်းချီပြခန်းတွင် ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်မြို့မှ ရေဆေးပန်းချီဆရာကြီး  ဦးလှမြင့်က ပြခန်းကို ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြခန်းတွင်ပြသမည့် ပန်းချီဆရာများနှင့် တက်ရောက်လာသူများနှင့် မိတ်ဆက်ပေးသည်။ အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီဆရာ/ဆရာမ (၅၁)ဦး၏ တစ်ဦးလျှင် ပန်းချီကား (၂)ကားနှုန်းဖြင့် ပန်းချီကား (၁၀၀)ကျော် ပြသထားသည်။ ပန်းချီအမျိုးအစားများမှာ မီဒီယံ၊ ရေဆေး၊ ဆီဆေး၊ အခရိုက်လစ် ကားများပါဝင်သည်။ အဆိုပါပြပွဲကို မန္တလေးမြို့ရှိ ရွှေနန်းတော်ပန်းချီပြခန်းနှင့် ရန်ကုန်မြို့မှ Artissmile art club တို့ ပူးပေါင်းစီစဉ်သည်ဟု သိရှိရသည်။ ဤပန်းချီပြပွဲသည် ကြုံတောင့်ကြုံခဲ ပြပွဲတစ်ခုဖြစ်ပြီး လက်ရာစုံ ရသစုံ ပန်းချီဆရာများ၏ မတူညီသည့် ဟန်များကို ခံစားဖလှယ်ခွင့်ရရှိပြီး ပီတိဖြစ်ရသည်ဟု ပန်းချီဆရာ ဦးစိုးဝင်း(ပန်းချီရွှေလက်ရာ)က ပြောပြသည်။

 

အဆိုပါ ပန်းချီပြပွဲကို ဇန်နဝါရီ (၅)ရက်မှ (၉)ရက်ထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅)နာရီထိ ပြသထားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)

 

IMG_20190105_094828