ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များရှိ ဆရာ ဆရာမများ ရာထူးတိုး/ပြောင်း ဆောင်ရွက်ရန် အတွက် ရွေးချယ်ရေး တန်းစီဇယား သတ်မှတ်ခြင်း‘မူ’များဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၈ နိုဝင်ဘာ

 

ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်ဒီဂရီကောလိပ် (၁၃၃) ခုတွင် ဆရာ၊ ဆရာမ (၂၁၂၄၅) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၃၅၄၃၃) ဦးရှိပါကြောင်း၊  ပညာရေး ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာ၌ အရည်အသွေး မြင့်မားရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာ ပညာရေးခေတ် နောက်ကျလာခဲ့ရာမှ လမ်းကြောင်းမှန် ပေါ်ရောက်အောင် ဆောင်ရွက်နေချိန်တွင် ဆရာဆရာမများ အနေဖြင့် အင်္ဂလိပ်စာ ကျွမ်းကျင်မှု၊ ICT ကျွမ်းကျင်မှုများ မြှင့်တင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဆရာဆရာများ ကိုယ်တိုင်အရည် အသွေးမြင့်မားရေးအတွက် စာများများဖတ်၍ သုတေသန ဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားခြင်းနှင့် အကျိုးရှိထိရောက်သော သုတေသန လုပ်ငန်းများကို အောင်မြင် အောင်ဆောင်ရွက်ကြရန်လိုပါကြောင်း။

 

ကျောင်းသားကျောင်းသူများအား အလွတ်ကျက်မှတ်မှုကို အားမပေးဘဲ Deep Learning သင်ယူနိုင်ရေးအတွက် တက္ကသိုလ်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေရာတိုင်းတွင် လိုအပ်ချက် မပြည့်စုံမှု အခက်အခဲ စိတ်ခေါ်မှုများရှိနေသော်လည်း ကြံ့ကြံ့ခံရင်ဆိုင် ဖြေရှင်း၍ အောင်မြင်အောင်ကြိုးစား ဆောင်ရွက်ဖို့လိုကြောင်း၊ ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးကို အလေးထား ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ဝန်ထမ်းဥပဒေများနှင့် ခွင့်ပြုဘဏ္ဍာငွေများအရသာ ဆောင်ရွက်ပေးနေရပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို လူသားကောင်းများဖြစ်အောင် ပူးပေါင်းဆောင်ရွက်တတ်အောင် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်အောင် တီထွင်ကြံဆတတ်အောင် လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍ အရည်အသွေး မြင့်မားရေးအတွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင် စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင်နိုင်ရေးနှင့် အရည်အသွေး အာမခံနိုင်မှုရှိသော ပညာရေးလမ်းကြောင်း ပေါ်ရောက်အောင် အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆင့်မြင့်ပညာဦးစီးဌာန ဒေါက်တာသိန်းဝင်းက တက္ကသိုလ် ဒီဂရီကောလိပ် ဆရာဆရာမများ၏ ရာထူးတိုးပြောင်း ကိစ္စများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)