ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် ဂျပန်နိုင်ငံ Toyo Eiwa Women’s College (TEWC) မှ Professor Takizawa Saburo ဦးဆောင်သည့် ကျောင်းသူ၊ ကျောင်းသားများအဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၉  ဩဂုတ် 
    

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် ဂျပန်နိုင်ငံ Toyo Eiwa Women’s College (TEWC) မှ Professor Takizawa Saburo ဦးဆောင်သည့် ကျောင်းသူ၊ ကျောင်းသားများအဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
    

တွေ့ဆုံစဉ် တိုးတက်ပြောင်းလဲလာသော မြန်မာနိုင်ငံပညာရေးစနစ်နှင့် ပတ်သက်၍ ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးကြရာ ကျောင်းသူ၊ ကျောင်းသားများက မြန်မာနိုင်ငံ၏တိုင်းရင်းသား စာပေသင်ကြားမှုများ၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာ၊ လက်မှုပညာသင်ကြားပို့ချပေးမှုများနှင့် ပညာရေးကဏ္ဍတိုးတက်မှု အခြေအနေများကို မေးမြန်းမှုအပေါ်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။ 


သတင်းစဉ်