ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဘတ်ဂျက်ရေးရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Zhu Mingchun နှင့် အဖွဲ့အားတွေ့ဆုံ

နေပြည်တော်  ၆  နိုဝင်ဘာ

 

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဘတ်ဂျက် ရေးရာကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Zhu Mingchun နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်သဘင်ဆောင် ဧည့်ခန်းမ၌  တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များ၏ အခန်းကဏ္ဍများနှင့် ဘတ်ဂျက်ရေးရာလုပ်ငန်း ဆောင်ရွက်ချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

 

(သတင်းစဉ်)