ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၂၂   ဩဂုတ်  


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်၏ မိတ်ဆွေ (၂)ဦး၊ ဒေါ်ချိုချိုဝင်း၊ မော်လိုက်မဲဆန္ဒနယ်၏ မိတ်ဆွေ (၄)ဦး၊ ဦးစိုင်းဆိုင်မိုင်း၊ မိုင်းကိုင်မဲဆန္ဒနယ်၏ မိတ်ဆွေ (၂၀)ဦး၊ ဒေါက်တာဦးမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ်၏ မိတ်ဆွေ (၂၀)ဦး၊ ဦးသန်းညွန့်၊ ဖြူးမဲဆန္ဒနယ်၏ မိတ်ဆွေ (၁၅၃)ဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒေါ်ဉမ္မာ (ဒုတိယညွှန်ကြားရေးမှူး) ဦးဆောင်သည့် စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၄၉ မှ ကြီးကြပ်သူများ၊ သင်တန်းသား/ သင်တန်းသူများ (၉၃) ဦးနှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ သမိုင်းပညာ ဌာနမှ ဒေါက်တာဒေါ်သီတာမြင့် (ပါမောက္ခ/ဌာနမှူး) ဦးဆောင်သည့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ (၁၁၄) ဦး၊ စုစုပေါင်း (၄၀၆) ဦး တို့သည် ယနေ့ နံနက် ၁၀ နာရီ တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော် အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင် ကျင်းပသည့် နေ့ရက်မှ ယနေ့ထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်းဧည့်သည် ၅၅၃၀၃ ဦးနှင့် ပြည်ပဧည့်သည် ၂၂၆၄ ဦး၊ စုစုပေါင်းဧည့်သည် ၅၇၅၆၇ ဦးရှိပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ လိုပါက ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်တို့ထံ လိပ်မူပြီး (၃) ရက်ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။


(သတင်းစဉ်)