ပြည်သူတွေ အကျိုးရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆင်းကတ်တွေကို မှန်မှန်ကန်ကန် မှတ်ပုံတင်ဖို့ လုပ်ဆောင်တာဖြစ်

၁ ဧပြီ

ဧပြီ  ၁  ရက်မှစတင်၍  ဆင်းကတ်များ  စနစ်တကျမှတ်ပုံတင်သုံးစွဲရန်နှင့်  အော်ပရေတာတစ်ခုစီမှ  အများဆုံးဆင်းကတ်နှစ်ခုသာ  ဝယ်ယူစေရေး  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည့်ကိစ္စရပ်နှင့် စပ်လျဉ်း၍ ပြည်သူများပိုမိုသိရှိစေရန် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အရင်းအမြစ်စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိမ့်စိမ့်အေးအား တွေ့ဆုံမေးမြန်းထားသည်များကို  ဖော်ပြလိုက်ပါသည်။

မေး။ ဆင်းကတ်တွေ   စနစ်တကျ      မှတ်ပုံတင်နိုင်ရေးကို ဘာကြောင့်လုပ်ဆောင် ရပါသလဲ။    ပြည်သူတွေအနေနဲ့  ဘာကြောင့် ဆင်းကတ်တွေကို မှတ်ပုံတင်ပြီး သုံးသင့်ပါသလဲ။

ဖြေ။ ဆင်းကတ်များ  စနစ်တကျ      မှတ်ပုံတင်ပြီး   သုံးစွဲနိုင်ရေးနဲ့   စပ်လျဉ်းပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက    ၂၀၁၆ ကတည်းက  အများပြည်သူသိရှိစေဖို့  သတင်းစာတွေမှာ      ကြေညာပြီး      ဆောင်ရွက်ခဲ့ပါတယ်။     ပြည်သူတွေအနေနဲ့        အဲဒီအချိန်ကတည်းက ဆင်းကတ်မှတ်ပုံတင်နိုင်ဖို့  ဆောင်ရွက်ခဲ့ကြတာ တွေရှိပေမယ့်  နောက်ပိုင်းမှာ ထပ်တွေ့လာရတာက ဆင်းကတ်တွေကို      ကြိုပြီးတော့  မှတ်ပုံတင်တယ်။  

မှတ်ပုံတင်တစ်ခုတည်းနဲ့  ဆင်းကတ်ပေါင်း  များစွာမှတ်ပုံတင်တယ်။ အပြင်လမ်းဘေးတွေမှာလည်း  မှတ်ပုံတင်ပြီး ဆင်းကတ်ဆိုပြီး ရောင်းကြတယ်။ ကျွန်မတို့ အဓိကရည်ရွယ်တာက ကိုယ်သုံးနေတဲ့ဆင်းကတ်ဟာ  ကိုယ့်နာမည်နဲ့  ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုရင် Mobile  Money တွေ Mobile    Banking အစရှိတဲ့    ငွေကြေးဝန်ဆောင်မှုတွေက ကျွန်မတို့နိုင်ငံမှာ တော်တော် ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြတဲ့အတွက်  စနစ် တကျမှတ်ပုံတင်ထားရင်  မိမိတို့ရဲ့  ငွေကြေးလုံခြုံ မှုရှိလာမယ်။  ဆင်းကတ်စနစ်တကျမှတ်ပုံတင်ပြီး သုံးတဲ့အတွက်  နိုင်ငံတော်ရဲ့  လုံခြုံရေးနဲ့ ပတ်သက် ပြီး  မသမာမှုတွေကို စုံစမ်းထောက်လှမ်းတဲ့နေရာ မှာလည်း    အကျိုးကျေးဇူးတွေ  ရှိလာမယ်။  မိမိရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုတွေ၊  Cyber Bully လုပ်ခံရတာမျိုးတွေမှာ    ဖုန်းနံပါတ်က  မှန်မှန်ကန်ကန် မှတ်ပုံတင်ထားမှုမရှိဘူးဆိုရင် ကျူးလွန်သူကို    စုံစမ်းထောက်လှမ်းဖို့    ခက်ခဲနိုင်တယ်။ အဓိကကတော့  ပြည်သူတွေ အကျိုးရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆင်းကတ်တွေကို မှန်မှန်ကန်ကန် မှတ်ပုံတင်ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။

မေး။ ဧပြီ  ၁  ရက်နေ့ကနေ စပြီးတော့ လူတစ်ဦးက အသိအမှတ်ပြုကတ်ပြားတစ်ခုစီနဲ့   ဆင်းကတ်ဘယ်နှခု    ဝယ်ယူသုံးစွဲ ခွင့်ရှိမလဲ။

ဖြေ။ ဧပြီ ၁ ရက်နေ့ကနေစပြီး အသိအမှတ်ပြုကတ်ပြားတစ်ခုခုပြပြီး အော်ပရေတာတစ်ခုကို      ဆင်းကတ်နှစ်ကတ်နှုန်းနဲ့  ဝယ်ယူခွင့်ရှိပါမယ်။  အော်ပရေတာ  လေးခုရှိတဲ့အတွက် အများဆုံး  ရှစ်ကတ်ထိ    ဝယ်ယူသုံးစွဲနိုင်မှာပါ။ အော်ပရေတာတစ်ခုစီကနေ  ဆင်းကတ်နှစ်ခု ထက်ပိုဝယ်ယူမိတာရှိရင်လည်း        ပြန်စစ်ကြည့်လို့သိရင်      အရင်ဆုံးဝယ်ထားတဲ့    နှစ်ကတ်က           လွဲလို့ နောက်ပိုင်းထပ်ဝယ်ထားတဲ့    ကတ်တွေကို လိုင်းပိတ်မှာ  ဖြစ်ပါတယ်။  ‘ဒါကိုလည်း  ဧပြီ  ၁ ရက်နေ့   နောက်ပိုင်းကစပြီး   ဆောင်ရွက်မှာ    ဖြစ်ပါတယ်။

မေး။ ဧပြီ ၁ ရက်နေ့မတိုင်ခင်ကအသိအမှတ်ပြုကတ်ပြားတစ်ခုတည်းနဲ့ ဆင်းကတ် အမြောက်အမြား  မှတ်ပုံတင်ထားပြီး  သုံးစွဲနေခဲ့ တာတွေကိုကော ဘယ်လိုဆောင်ရွက်သွားမလဲ။

ဖြေ။ ဧပြီ ၁ ရက်နေ့မတိုင်ခင်က  ဆင်းကတ်တွေအတွက်က   အချိန်ယူရပါမယ်။ ဆင်းကတ်ဝယ်ပြီးသား      ပြည်သူတွေအနေနဲ့  လည်း   ကိုယ့်ရဲ့မှတ်ပုံတင်နဲ့ မဟုတ်တဲ့ ဆင်းကတ်တွေကို  ပြန်ပြီးတော့  မှတ်ပုံတင်ပေးဖို့ လိုပါတယ်။ အဲဒီ ဆင်းကတ်တွေနဲ့ ပတ်သက်ပြီး အော်ပရေတာတွေနဲ့  ညှိနှိုင်းဆွေးနွေးနေပါတယ်။  ဆွေးနွေးပြီး တော့    ဘယ်လိုလုပ်ရမလဲဆိုတာကို  ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်သွားမှာပါ။ အခုလောလော ဆယ်ကတော့  ဧပြီ  ၁  ရက်နေ့မှာ  ဆင်းကတ် အသစ်တွေအတွက်  ဦးစားပေးပြီးတော့ လုပ်ဆောင်သွားမှာပါ။

မေး။ ဆင်းကတ်မှတ်ပုံတင်ရာမှာ   ဘာတွေ ပါရှိရမလဲ။       အသက်အပိုင်းအခြားကကော ကန့်သတ်ထားပါသလား။

ဖြေ။ ဆင်းကတ်မှတ်ပုံတင်ရာမှာ နိုင်ငံသား စိစစ်ရေးကတ်ပြား၊      ကျောင်းသားကတ်၊      ယာဉ်မောင်းလိုင်စင်      အစရှိတဲ့အသိ အမှတ်ပြုကတ်ပြားတစ်ခုခုပါရမယ်။      အမည်ပါရမယ်။  နေရပ်လိပ်စာပါရမယ်။  တည်ဆဲဥပဒေ တွေနဲ့အညီ    ထုတ်ပေးထားတဲ့    အသိအမှတ်ပြု ကတ်ပြားတစ်ခုရှိတဲ့သူတိုင်း  ဆင်းကတ်ဝယ်လို့ ရတယ်။  အသိအမှတ်ပြု    သက်သေခံကတ်ပြား မရှိသေးတဲ့  လူငယ်တွေအနေနဲ့    သုံးချင်တယ် ဆိုရင်တော့      မိဘ    သို့မဟုတ်    အုပ်ထိန်းသူ တစ်ယောက်ကနေပြီး အသိအမှတ်ပြုသက်သေခံ ကတ်ပြားနဲ့    တာဝန်ယူပြီးတော့  ဝယ်ပေးလို့ ရပါတယ်။
မေး။ အိမ်နီးချင်း      နိုင်ငံတွေမှာကောဆင်းကတ်တွေကို      ဘယ်လိုနည်းနဲ့  အသုံးပြုနေကြပါသလဲ။

ဖြေ။ အိမ်နီးနားချင်း     နိုင်ငံတွေမှာလည်း ဆင်းကတ်တွေကို      မှတ်ပုံတင်ပြီးပဲ သုံးကြရပါတယ်။ ထိုင်းမှာဆိုရင်လည်း မှတ်ပုံတင်ပြီးပဲ  အသုံးပြုပါတယ်။  ကျွန်မတို့  နိုင်ငံခြားသွား ရင်လည်း  ပတ်စ်ပို့နဲ့မှတ်ပုံတင်ပြီးပဲ    အသုံးပြုလို့ရပါတယ်။      တချို့နိုင်ငံတွေမှာ    ဆိုရင်လည်း                 မိုဘိုင်းဖုန်းနံပါတ်တွေကိုပဲ  အိုင်ဒီအနေနဲ့သုံးကြတယ်။ ဆင်းကတ်နံပါတ်နဲ့ဆိုရင်  မှတ်ပုံတင် တွေတောင်ပြစရာမလိုဘူး။ဆင်းကတ်နံပါတ် တွေနဲ့ပဲ  ငွေပေး  ငွေယူလုပ်ကြတယ်။    အဲသလို လုပ်တဲ့အတွက်ကြောင့်      အကျိုးကျေးဇူးတွေ အများကြီးရှိတယ်။

မေး။ မြန်မာနိုင်ငံမှာ       ဆင်းကတ် သုံးစွဲမှု အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထိ        အော်ပရေတာ  လေးခုကနေ                ဆင်းကတ်  ၅၄    သန်းခန့်      ရောင်းချထားပြီး ဖြစ်တဲ့အတွက် လူဦးရေနဲ့ ကြည့်ရင် SIM  Pene-tration  ၁၀ဝ    ရာခိုင်နှုန်းလို့    ပြောလို့ရပါတယ်။ သို့သော်လည်း လူတိုင်းက တစ်ယောက်ကို နှစ်ကတ်၊ သုံးကတ်သုံးကြတယ်ဆိုတော့ Unique SIM    Penetration အနေနဲ့တော့  ငါးဆယ် ရာခိုင်နှုန်းကျော်လောက်ရှိပြီလို့ သုံးသပ်ရပါတယ်။ 

တွက်ချက်မှုအရကတော့  မြန်မာနိုင်ငံ လူဦးရေရဲ့ ၅၀  ရာခိုင်နှုန်းလောက်က    ဆင်းကတ်သုံးနေတယ်လို့    ပြောလို့ရပါတယ်။    အိမ်နီးချင်းနိုင်ငံ        တွေရဲ့  SIM Penetration က များသောအား ဖြင့်  ၁၀ဝ ရာခိုင်နှုန်းကျော်  ရှိပါတယ်။ အဲဒီတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့  ယှဉ်ကြည့်ရင်  ဆင်းကတ်သုံးစွဲမှု နည်းသေးတယ်လို့ ပြောလို့ရပါတယ်။

မေး။ ဆင်းကတ်တွေကို မှတ်ပုံတင်ပြီးသားလို့ရောင်းချပေးနေတဲ့ လမ်းဘေးဆိုင်ငယ်တွေကိုကော    ဘယ်လိုဆက်လုပ်သွားဖို့ ရှိလဲ။  အဲဒီဆိုင်ငယ်လေးတွေဆီက  ဝယ်ယူသင့်ပါ သလား။

ဖြေ ။ လမ်းဘေး ဆိုင်ငယ်တွေအတွက်ကတော့ သီးခြားပြဋ္ဌာန်းချက်တွေ မရှိသေးပါဘူး။ အော်ပရေတာများအနေနဲ့ ၄င်းတို့ရဲ့ POS တွေ၊  အရောင်းကိုယ်စားလှယ်ဆိုင်တွေ အပေါ်  ဘယ်လိုစီမံဆောင်ရွက်ရမလဲဆိုတာကို ဦးစီးဌာနက ညွှန်ကြားပြီး ဖြစ်ပါတယ်။ ‘ဒါကြောင့် POS တွေ၊ အော်ပရေတာတွေနဲ့ တရားဝင်စာချုပ်ချုပ်ဆိုထားတဲ့  အရောင်းကိုယ်စားလှယ်တွေ အတွက်ကတော့ အော်ပရေတာတွေကနေ တာဝန်ယူ ဆောင်ရွက်သွားရမှာ    ဖြစ်ပါတယ်။   လမ်းဘေးဆိုင်ငယ်တွေဆီကနေ  မှတ်ပုံတင်ခြင်း မရှိဘဲဝယ်သုံးလို့  ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို  အများပြည်သူကလည်း သိရှိနားလည်ဖို့နဲ့ ဝယ်ယူခြင်းမပြုဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ ဝယ်မိလို့ရှိရင်လည်း  ကိုယ့်ရဲ့  မှတ်ပုံတင်နဲ့  မှတ်ပုံ တင်ထားတာမဟုတ်ရင် အော်ပရေတာတွေကို အကြောင်းကြားပြီး  ဒီကတ်ကို ကျွန်တော်၊ ကျွန်မ နာမည်နဲ့  မှတ်ပုံတင်ချင်ပါတယ်ဆိုပြီး မှတ်ပုံတင်လို့ ရပါတယ်။ အပြင်ဆိုင်လေးတွေကို  ထိ်န်းချုပ်ဖို့ ခက်ခဲတယ်ဆိုပေမယ့် အများပြည်သူက ပူးပေါင်းပါဝင်မယ်ဆိုရင်တော့    အဲဒီလိုရောင်းချမှုတွေ လျော့နည်းသွားမှာ      ဖြစ်ပါတယ်။    ဖြည့်စွက် ပြောကြားလိုတာက    အသိအမှတ်ပြုကတ်ပြား   မရှိသေးသူတွေအတွက်လည်း    ဆင်းကတ်သုံးစွဲ နိုင်အောင် သီးခြားညွှန်ကြားချက်တွေ လုပ်သွားဖို့ ရှိပါတယ်။

မေး။ အော်ပရေတာတွေ    ဖုန်းဘေလ်   ဖြတ်တောက်မှုနဲ့ပတ်သက်ပြီး  ပြည်သူကြားမှာ  ဝေဖန်ပြောဆိုနေကြတာတွေရှိပါတယ်။  အဲဒီ ကိစ္စအတွက်ကော ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။ အော်ပရေတာတွေမှာ   ပုံမှန်မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေအပြင် ၊ Value Added  Service လို့ခေါ်တဲ့ ဝန်ဆောင်မှုတွေ   ဥပမာ-  မိုဘိုင်းဂိမ်းဝန်ဆောင်မှုတွေ၊  ဖုန်းခေါ်တဲ့ အချိန်မှာ  နားဆင်လို့ရတဲ့  သီချင်းသံ (CRBT) တွေရှိပါတယ်။ အဲဒီလို လေူကနေိနိ ဝန်ဆောင် မှုတွေအတွက်    ပုံမှန်အားဖြင့်ဆိုရင်  ဘေလ်ကို နေ့စဉ်ဖြတ်တောက်တာတွေ ၊ အပတ်စဉ်၊  လစဉ် ဖြတ်တောက်တာတွေရှိတယ်။      ဝန်ဆောင်မှုကို ရယူတဲ့အခါ    ပုံစံနှစ်မျိုးနဲ့      ရယူရလေ့ရှိတယ်။ ဝက်ဆိုက်ကနေဝင်ရတာနဲ့  SMS Link ကနေ ဝင်ရတာမျိုးဖြစ်ပါတယ်။  ဥပမာအားဖြင့်   SMS  ကနေ  သီချင်းသံဝန်ဆောင်မှု      အစီအစဉ်ကို ခုနစ်ရက်  အခမဲ့အသုံးပြုနိုင်ပါတယ်။  ခုနစ်ရက် ပြည့်ပါက button  ကိုနှိပ်ပါဆိုတာမျိုး  ပေးပို့ပြီး သုံးစွဲသူက အခမဲ့ဝန်ဆောင်မှုရယူလိုလို့ နှိပ်လိုက် မိရင် ငွေဖြတ်တောက်တာမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဝက်ဆိုက်တွေ၊ ဖေ့စ်ဘုတ်တွေမှာ ကြော်ငြာတွေ ပေါ်လာပြီး    ကြော်ငြာကို    နှိပ်မိသွားတယ်ဆိုလို့     ရှိရင်   ဝယ်ယူချင်တယ်လို့  သတ်မှတ်ပြီး  ပိုက်ဆံ   ဖြတ်သွားတယ်။ အဲဒီအခါကျတော့ သုံးစွဲသူတွေ အနေနဲ့  မိမိတို့သတိပြုမိသည်ဖြစ်စေ၊  သတိမပြု မိသည်ဖြစ်စေ ဝန်ဆောင်မှု  Link တွေကို နှိပ်မိ ပြီး    အဲဒီဝန်ဆောင်မှုကို    ဝယ်ယူသလို  ဖြစ်သွားနိုင်တယ်။    ငွေဖြတ်တောက်မှုတွေ  ဖြစ်သွားနိုင် ပါတယ်။

အဲဒါကြောင့် နောက်ပိုင်းမှာ   အများပြည်သူ ဝန်ဆောင်မှုပေးတဲ့နေရာမှာ            ပြည်သူတွေ နားလည်အောင်  အဆင့်လိုက်  သေချာစေခြင်း Double Confirmation လုပ်ပြီးမှ  ငွေဖြတ်တောက်ဖို့၊  သုံးစွဲသူဆီက  ဝယ်ယူလိုကြောင်း သေချာစေပြီးမှ    ငွေဖြတ်တောက်ဖို့နဲ့  ဝယ်ယူမှု သက်တမ်းကုန်ဆုံးသွားရင်လည်း   SMS ပို့ပြီး Auto  Renewal လုပ်တာမျိုးမဟုတ်ဘဲ  သုံးစွဲ သူက Auto  Renewal လုပ်ဖို့သေချာပြီဆိုမှ သာ    သက်တမ်းတိုးသွားဖို့    အော်ပရေတာတွေကို    ညွှန်ကြားထားပြီး  ဖြစ်ပါတယ်။  အချိန်တစ်ခု ကိုတော့  သူတို့ကိုပေးထားပါတယ်။  ဒါကတော့ သုံးစွဲသူကာကွယ်ရေးအတွက် ကျွန်မတို့ ညွှန်ကြား ဆောင်ရွက်ပြီးအချက်တွေ ဖြစ်တယ်။

မေး။ ဆင်းကတ်တွေ   စနစ်တကျမှတ်ပုံတင်ရေးနဲ့ပတ်သက်ပြီး   တခြားဖြည့်စွက် ပြောကြားလိုတာများရှိရင် ပြောကြားပေးပါ။

ဖြေ။ ဆင်းကတ်တွေ    စနစ်တကျ    မှတ်ပုံတင်နိုင်ရေးအောင်မြင်ဖို့အတွက်  ဌာနအနေနဲ့    မူဝါဒပိုင်းကလည်း    ပူးပေါင်းပြီး  အသိပညာပေးလုပ်ပေးတဲ့အပိုင်းရှိမယ်။ အော်ပရေတာ တွေကလည်း သူ့ရဲ့ POS တွေ၊ အရောင်းကိုယ်စား လှယ်တွေကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားဖို့လိုတယ်။      ပြည်သူတွေအနေနဲ့ကလည်း မိမိတို့ရဲ့အကျိုးအတွက်    ဆောင်ရွက်တယ်ဆိုတာကို သဘောပေါက်နားလည်ပြီးတော့  ဝိုင်းဝန်းကူညီ ပေးဖို့လိုပါတယ်။      ဒီကဏ္ဍသုံးခု        ပူးပေါင်းပြီး လုပ်ဆောင်မှ    ဆင်းကတ်တွေ        စနစ်တကျ မှတ်ပုံတင်နိုင်ရေးက        အောင်မြင်မှာ      ဖြစ်ပါတယ်။     ။

ဟန်လင်းနိုင်၊ လူမော်