ပြည်ထောင်စု၏ အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိရေး အထောက်အကူပြု ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၁၈  ဇန်နဝါရီ  


ပြည်ထောင်စု၏ အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိရေး အထောက်အကူပြု ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။


အဆိုပါအစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေးအတွက် ဒေသအလိုက် အခွန်အထောက်အကူပြုအဖွဲ့များဖြင့် အခွန်အခြေချဲ့ထွင်နိုင်ရေး၊ အခွန်ပေးဆောင်ထိုက်သူများကို လွတ်ကင်းကြွင်းကျန်မှု မရှိပေးသွင်း နိုင်ရေးနှင့် တိုင်းဒေသကြီး/ ပြည်နယ် အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိရေး အထောက်အကူပြုအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)

 

ာိည