ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာ၀တီတိုင်းဒေသကြီးရှိ ပညာရေးဒီဂရီ‌‌ကောလိပ်များ၊ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အေးချမ်းစွာပညာသင်ကြားနေမှု ကြည့်ရှုစစ်ဆေး 

ရန်ကုန် ဇူလိုင် ၁၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာ၀တီတိုင်း ဒေသကြီး၀န်ကြီးချုပ် ဦးတင်မောင်၀င်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာ၀တီတိုင်း ဒေသကြီး မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စု၀န်ကြီးက ပညာရေးကောင်းမွန်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကောင်းမွန်ရန် သင်တန်းသား သင်တန်းသူ များသည် အဓိကနေရာမှ ပါ၀င်ဆောင်ရွက်ကြရမည့် ဆရာ ဆရာမလောင်းများဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများကို လိမ္မာယဉ်ကျေးပြီး နိုင်ငံ‌တော်ကို ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် အပြည့်ရှိရန်နှင့် ယဉ်ကျေးမှုဓလေ့များကို တန်ဖိုးထားတတ်စေရန် သင်ကြားပေးရမည်ဖြစ် ကြောင်း၊ ဆရာ ဆရာမ အလုပ်သည် စေတနာ ပရဟိတအလုပ်ဖြစ်သည့်အတွက် စေတနာ ထားပြီး သင်ကြားပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီး၊ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် မြောင်းမြမြို့နယ် ဂုန်နီ‌ကျေးရွာအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းသားကျောင်းသူများ စာသင်ခန်းအတွင်း အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုကာ  ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များအတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများ သည် မြောင်းမြမြို့နယ် သိလ္လာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ရေတွင်းရေကန် ကျေးရွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိကြပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး KG တန်း၊ မူလတန်းနှင့် အလယ်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်များ၊ ဗလာစာအုပ် များ၊ ကျောင်းသုံး စာရေးကိရိယာများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု၀န်ကြီးသည် မြောင်းမြမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ၌ မြောင်းမြမြို့ရှိ မြို့နယ်ပညာရေးမှူး၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံကာ ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းဆောင်များ ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံရာတွင် လေလွင့်ဆုံးရှုံးမှု မရှိစေရန် စနစ်တကျ ကြီးကြပ်‌‌ရေး၊ ကျောင်းများ၌ ရေသန့်စက်နှင့် ရေလုံလောက်မှုရှိစေရေး၊ သန့်စင်ခန်းများ လုံလောက်မှုရှိ‌စေရေး၊ ကျောင်းပတ်၀န်းကျင်လုံခြုံ‌စေရန် ခြံစည်းရိုးများ စနစ်တကျ ကာရံ‌ရေး တို့ကို မှာကြားကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် မြောင်းမြမြို့ ဘုရားချောင်း အခြေခံပညာမူလတန်း(လွန်)ကျောင်းသို့ ရောက်ရှိပြီး ကျောင်း ဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေး၍ KG တန်း ကျောင်းသား ကျောင်းသူ များအတွက် ကျောပိုးလွယ်အိတ်များ ပေးအပ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် ပုသိမ်မြို့ ပညာရေးဒီဂရီကောလိပ်၊ ပုသိမ်မြို့ အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ) မြက်တို၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိကြပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းဥပဓိရုပ်များကောင်းမွန်ရေး၊ ကျောင်း ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေး၊ ကျောင်းတွင်းမုန့်ဆိုင်တန်းများ သန့်ရှင်းသပ်ရပ်‌ရေးကိစ္စရပ်များကို မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်