ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် Forever Group ၏ CEO ဦးဝင်းမော်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၃ ဇန်နဝါရီ 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် Forever Group ၏ CEO ဦးဝင်းမော်နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် Forever Group  နှင့် ပူးပေါင်း၍ Canal+ မှ ထုတ်လွှင့်လျက်ရှိသည့် ရုပ်သံအစီအစဉ်များ၊ ဇာတ်လမ်းတွဲများ၊ တေးဂီတအစီအစဉ်၊ အားကစား အစီအစဉ်များနှင့် Documentaries များ၊ ရုပ်သံလိုင်းအပြင် တယ်လီဖုန်းမှတစ်ဆင့် ကြည့်ရှုနိုင်မည့် Mobile Application တစ်ခုဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာန၊ Telecom Operator များနှင့် ဆွေးနွေးညှိနှိုင်းမှု အခြေအနေ၊ Canal+ အနေဖြင့် ရုပ်သံလွှင့်မီဒီယာကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှု ပိုမိုပြုလုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ရုပ်သံလွှင့်နှင့် ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လာမည့် စက်တင်ဘာလတွင် သင်တန်းကျောင်းဖွင့်လှစ်ရေး၊ အဆိုပါ ကဏ္ဍနှစ်ရပ်တွင် လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရင်းနှီးပွင့်လင့်စွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)

mdn