မြစ်ကြီးနား ဇန်နဝါရီ

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ အမှတ်() နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကချင်ပြည်နယ်ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနရုံးနှင့် သင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ(၄)ရပ်ဖြစ်သည့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စသည့် မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ဗလ ၅ တန်ဖွံ့ဖြိုးရေးအတွက် အစဉ်အားထုတ်ကြိုးပမ်း‌ ဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာရပ်ကွက်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာဝင်း အုတ်ခြံစည်းရိုး ဆောင်ရွက်ထားရှိမှုနှင့် ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှု၊ ဝန်ထမ်းအိမ်ရာလိုင်းခန်းများ အခြေအနေနှင့် ရာသီသီးနှံစိုက်ပျိုးထားရှိမှုများကို လည်းကောင်း၊ အမှတ်() နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်း ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ ကျောင်းဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် ခန်းမဆောင် ဆောက်လုပ်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများနှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်