ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ပဲခူးစက်မှုဇုန်ရှိ လက်အိတ်စက်ရုံနှင့် တိရစ္ဆာန်အစားအစာစက်ရုံတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၆

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးစက်မှုဇုန်ရှိ Bago Sports Gloves Co.,Ltd ၏ လက်အိတ်စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ထုတ်လုပ်ပြီး အားကစားလက်အိတ်များ ပြည်ပသို့တင်ပို့နိုင်မှု အခြေအနေတို့ကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်အရည်အသွေး ပြည့်မီစေရေး ဆောင်ရွက်ရန်၊ နိုင်ငံတကာဈေး ကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် စံချိန်စံညွှန်း အရည်အသွေးမီ ပစ္စည်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရန်၊ ပြည်ပဈေးကွက်ဝေစုသစ်များနှင့် စျေးပိုမိုရရှိ ရေးဆောင် ရွက်ရန်နှင့် ကုန်သွယ်မှုသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိအောင် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး စက်ရုံအတွင်း အားကစားလက်အိတ်များ ချုပ်လုပ်နေမှု အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Myanmar New Hope Farms Co.,Ltd ၏ တိရစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း တိရစ္ဆာန် အစားအစာ ကြိတ်ခွဲ ထုတ်လုပ်နေမှုလုပ်ငန်းစဉ်နှင့် ကုန်ကြမ်းနှင့် ကုန်ချောထားသိုမှုတို့ကို ကြည့်ရှုစစ်ဆေးကာ တိရစ္ဆာန်အစားအစာများကို ပြည်တွင်းသုံးစွဲရန်ဖူလုံမှုရှိအောင် တိုးမြှင့်ထုတ် လုပ်ရန်၊ အရည် အသွေး ပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်နှင့် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး စက်ရုံ၏ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်