ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းDaewoo Bus စက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာ

ရန်ကုန် ၉  သြဂုတ် 
    

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ Daewoo Bus Myanmar စက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာကြသည်။
    

ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား  Daewoo Bus Myanmar  စက်ရုံမှ မန်နေဂျင်းဒါရိုက်တာ  ဦးကျော်ကျော်အောင်က  ခရီးသည်တင်မော်တော်ယာဉ် ၂ မျိုး စမ်းသပ် ထုတ်လုပ်နေသည့် အခြေအနေအား ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ(Responsible Investment) ပိုမိုလာရောက်ရန်  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊Daewoo Bus Myanmar Co., Ltd. ကဲ့သို့ နည်းပညာမြင့်မား၍  အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်သည့် လုပ်ငန်းများ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံသည်ကိုကြိုဆိုပါကြောင်း၊ Daewoo Bus Myanmar Co., Ltd.မှ Complete Knocked-Down (CKD)စနစ်ဖြင့် ထုတ်လုပ်လျက်ရှိသည်ကို အားပေးပါကြောင်း၊ ဒေဝူး မော်တော်ယာဉ်များအား ပြည်တွင်း၌ထုတ်လုပ်ပြီး မြန်မာနိုင်ငံ၏ ခရီးသည်သယ်ယူပို့ဆောင်ရေး ကဏ္ဍ၌ လိုအပ်လျက်ရှိသည့် ခေတ်မီခရီးသည်တင်ယာဉ်  လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည့်သွင်းကုန်အစားထိုးလုပ်ငန်းဖြစ်သည့်အပြင် ပြည်ပသို့ပါ တင်ပို့နိုင်မည့်လုပ်ငန်း ဖြစ်နိုင် ကြောင်းပြောကြားပြီး စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
    

Daewoo Bus Myanmar Co., Ltd.သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ကိုရီးယားနိုင်ငံနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံပြီး ခေတ်မီခရီးသည်တင်မော်တော်ယာဉ်များ စမ်းသပ်ထုတ်လုပ်နေသည့် စက်ရုံဖြစ်သည်။ 


သတင်းစဉ်