ပုလောမြို့နယ်၌ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) တွင် မြို့ကျက်သရေစေတီတော်၌ ကဆုန်ညောင်ရေသွန်း လောင်းပူဇော်

 

ပုလော မေ ၂၂

 

၁၃၈၆ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)တွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ပုလောမြို့ အရှေ့ကျောင်းတိုက် ဓမ္မာရုံတွင် ယနေ့ မေ ၂၂ ရက် နံနက် ၆ နာရီက ကျင်းပသည်။

 

အခမ်းအနားတွင် ပုလောမြို့ အရှေ့ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဝါစက ဘဒ္ဒန္တဝါယမထံမှ ပုလောမြို့နယ် အမှတ် (၁) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများက ရှစ်ပါးသီလ ခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 

mdn

 

ထို့နောက် ပုလောမြို့နယ် အမှတ် (၁) စစ်နယ်မြေမှူးနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌနှင့်ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများက ပုလောမြို့ကျက်သရေစေတီတော်ကို ၂၄ ပစ္စည်း ပဌာန်းဒေသနာတော်အကျဉ်း ရွတ်ဖတ်ကာ လက်ယာရစ် သုံးပတ်လှည့်လည်ပူဇော်၍ မြို့ကျက်သရစေတီတော်ရှိ ပရိဘောဂစေတီတော် မဟာဗောဓိပင်အား ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။

 

အေးအေးမော်(ပုလော)