ပူတာအိုကလေးစာပေပွဲတော်မှ စကားသံများ 

ပူတာအို ၁၈ မတ် 

 

ကလေးစာပေပွဲတော် (ပူတာအို) သို့ လာရောက်နွှဲပျော်ကြသူအချို့၏ စကားသံများကို ပြန်လည်တင်ပြလိုက်ပါသည်-

 

ဦးလခရန်အောင်ခမ်း(အတွင်းရေးမှူး)၊ ဂျိန်းဖော့စာပေနှင့်ယဉ်ကျေးမှု(ပူတာအိုမြို့)

 

ကျွန်တော်တို့ ပူတာအိုမှာ ပထမဆုံးအကြိမ် လာလုပ်တဲ့ကလေးစာပေပွဲမှာ ဒီလိုပြသရတဲ့ ရည်ရွယ်ချက်က  အခုလူငယ်အတော်များများက ကိုယ့်စာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးမှု အားနည်းလာတဲ့အတွက် အဓိက ဒီလူငယ်တွေ အသိအမြင်လေးတွေရှိလာအောင် လေ့လာချင်စိတ်လေး တွေများလာအောင်ရည်ရွယ်ပါတယ်။ ဒီလိုပွဲမှာ အရင်ကမရှိခဲ့ဘူး ။ အခုလို ဒီလိုပွဲတွေလာလုပ်ပေးတော့ ကလေးတွေအတွက်ရော လူငယ်အတွက်ပါ အကျိုးအများကြီးရှိပါတယ်။ မသိတော့ ဒီက လူငယ်အတော်တော်များက ရုံးသွားရမှာတောင် ကြောက်ကြတယ်။ ဒီလိုပွဲတွေများများလုပ်ပေးနိုင်ရင် ဒီကလူငယ်တွေ အသိအမြင်တွေတိုးတက်လာပြီး ပညာရှိရှိ၊ လုပ်ရဲကိုင်ရဲရှိပြီး ကိုယ့်ဒေသ ကို တိုးတက်ဖွံ့ဖြိုး စေချင်စိတ်ဓါတ်တွေ များလာတာပေါ့၊ မြေပြန့်တောင်တန်းဒေသဆို ပညာရေးမှာ ကွာဟမှုတွေမရှိနိုင်ဘဲ နိုင်ငံကိုအကျိုးဆောင်ပေးနိုင်ပေးမယ့် လူငယ်များ ထွက်လာကို မျော်လင့်သလို ဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်။  ပူတာအိုဒေသမှာ အလွန်လိုအပ်နေတဲ့ ဝန်ထမ်းအင်အားတွေလည်းများလာမယ်။

 

2

 

ဒေါ်အိအိဖြိုး(အလယ်တန်းပြ)၊ အထက(ပူတာအို)

 

ကလေးတွေက ခါတိုင်းနဲ့မတူဘူးပေါ့၊ ကလေးစာပေလို့ ပြောလိုက်ကတည်းက (၃)နှစ်ကျော်ပဲ ရှိသေးတဲ့ ကျွန်မရဲ့သမီးက သူတို့နဲ့သက်ဆိုင်တယ်ပေါ့နော်၊ မနက်အစောကြီးကတည်းက လာချင်နေတာ။ အခန်းတွေထဲလိုက်ကြည့်တယ်။ အခန်းတိုင်းကို သူ့အသက်အရွယ်နဲ့ကိုက်ညီမယ့် သူမမြင်ဖူးသေးတဲ့အရာကို မြင်တွေ့ရတော့ ကောင်းပါတယ်။ ကလေးတွေအတွက် အများကြီး အကျိုးကျေးဇူးရှိပါတယ်။

 

မမြင်ဖူးတာလေးတွေ မြင်တွေ့ရတဲ့အကြောင်းမို့ ဗဟုသုတလေးတွေ ကောင်းပါတယ်။  ကလေးတွေအတွက် အများကြီးအကျိုးကျေးဇူးရှိပါတယ်။  ကိုယ်နဲ့လက်လှမ်းမီသလောက် ပြောရမယ်ဆိုရင် ပြည့်စုံပါတယ်။ 

33

 

ဦးဒိန်ခန်ဒါဝိ(ဥက္ကဋ္ဌ)ရဝမ်စာပေနှင့်ယဉ်ကျေးမှု၊ ပူတာအိုမြို့။

 

ပူတာအိုတစ်ခုလုံးမှာရှိတဲ့ ထက်၊ လယ်၊ မူကျောင်းက ကလေးတွေဟာ ဒီမှာလာပြီး စုဝေးကြတဲ့အချိန်မှာ ကိုယ့်ဒေသမှာရှိတဲ့တိုင်းရင်းသားရိုးရာပစ္စည်းတွေ ၊ ဓလေ့ထုံးတမ်း စဉ် လာတွေနဲ့ ပတ်သက်ပြီးမှ ဗဟုသုတရပါစေ၊ တစ်နည်းတစ်ဖုံ သူတို့အတွက် အကျိုးပြုပါစေဆိုပြီး ကလေးစာပေပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် လာရောက်ပြ သခြင်းဖြစ်ပါတယ်။
ပထမဆုံးအကြိမ်ဆိုတော့ အောင်မြင်မှုကို ချက်ချင်းပြောလို့မရပါဘူး၊ စာအုပ်စာပေနဲ့ ပတ်သက်ရင် အောင်မြင်မှုကဖြည်းဖြည်းမှရတာဖြစ်ပါတယ်။  သို့သော်ဒေသမှာ တစ်ခါမှမရှိဖူးသေးတဲ့ ကလေးစာပေပွဲတော်ကျင်းပပေးတဲ့အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါတယ်။  အစိုးရက အပင်ပန်းခံ၊ ငွေကုန်ခံ၊ အချိန်ကုန်ခံပြီးတော့ လုပ်ပေးတဲ့နေရာမှာ ကျွန်တော်တို့ကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်တယ်။ အဲ့ဒီကျေးဇူးကို ဒီကလေးတွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင်ပြန် လည်စဉ်းစားဆင်ခြင်မှ သူတို့လူကြီးဖြစ်လာရင် ဒီထက်ကောင်းတဲ့အရာတွေလုပ်ဖို့ ၃၀ ရာခိုင်နုန်းလောက်က ကလေးတွေရဲ့ဦးနောက်ထဲဝင်သွားမှာပဲ။  အဲဒီ ၃၀ရာခိုင်နှုန်းနဲ့ ဆက်လုပ်မယ်ဆိုရင် ဒီထက်မက ကြီးကျယ်တဲ့ပွဲတော်ကြီးတွေ တစ်ချိန်ချိန်ဖြစ်လာ နိုင်တယ်။ နောက်လာကြည့်တဲ့ တစ်ချို့လူတွေ ကလည်း ကလေးတွေဆိုတော့ မမြင်ဖူးဘူး၊ ကိုယ့်ရဲ့ရိုးရာပစ္စည်းဘာမှန်းတောင်မသိတဲ့လူတောင်မှ ဒီအခန်းထဲမှာရှိတဲ့ လူကြီးတွေကပြောလိုက်၊ ဆရာမတွေကပြောလိုက်နဲ့ ဗဟုသုတရသွားတာကို ကိုယ်တိုင် တွေ့မြင်ရလို့ တော်တော်လေးဝမ်းသာမိတယ်။

 

44

 

မခိုင်စန္ဒာစိုး(ကျောင်းသူ)၊ သတ္တမတန်း၊ အထက(ပူတာအို)

ကလေးစာပေပွဲတော်မှာ သမီး အရမ်းကိုပျော်ပါတယ်ရှင့်။  အခုလို တောင်ပေါ်ဒေသမှာ ကလေးစာပေပွဲတော်ကြီးကို သမီးတို့အတွက် ခမ်းခမ်းနားနားကြီး ကျင်းပပေးတဲ့အတွက် အရမ်းလည်းဝမ်းသာပါတယ်။ သမီးဆိုရင် ရန်ကုန်၊ မန္တလေး မပြောနဲ့၊ မြစ်ကြီးနားတောင် မရောက်ဖူးပါဘူး။  ဒါပေမဲ့ တကယ့်မြို့ကြီးအတိုင်း လာပြီးကျင်းပပေးတဲ့အတွက် အလွန်ပဲ  ကျေးဇူးတင်ပါတယ်ရှင့်။

 

ဖွင့်ပွဲမှာ လူကြီးတွေ ဖဲကြိုးဖြတ်ပြီးတာနဲ့ သမီးနဲ့ သူငယ်ချင်းတွေက စာပေပွဲတော်သီချင်းနဲ့ ကပြဖျော်ဖြေပါတယ်။ ပြီးတော့ ကျပန်းစကားပြောပြိုင်ပွဲဆီ အမြန်ပြေးပြီး ပြိုင်ပါတယ်။  ပထမရလို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်ရှင့်။ အခုလို သမီးတို့ ငယ်ငယ်တုန်းက ရခဲ့တဲ့ အတွေ့အကြုံဆိုတာ ဘာနဲ့မှလဲလို့မရပါဘူး။  ဒါကြောင့် သမီးတို့တောင်ပေါ် ဒေသက ကလေးတွေကို ဂရုစိုက်ပြီး လာရောက်ကျင်းပပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ကြောင်း ပြောချင်ပါတယ်ရှင့်။

 

သတင်း/ဓာတ်ပုံ - ကျော်စိုးနိုင်(ရွှေကူ)

 

သန်းလွင်ဦး(မိုးကောင်း)