ရာဇဝတ်အထူးအယူခံမှု (၂)မှုနှင့် တရားမအထူးအယူခံမှု (၅)မှုတို့ကို စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု (၅)မှုတို့ကို ရုံးထိုင်ကြားနာ

နေပြည်တော် ဒီဇင်ဘာ ၂၀

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၅/၂၀၂၁ (မွန်) နှင့် ၆/၂၀၂၁ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၈၉/၂၀၁၉ (မွန်)၊ ၉၆/၂၀၁၉ (မန္တလေး)၊ ၉၇/၂၀၁၉ (မန္တလေး)၊ ၈/၂၀၂၀ (ရန်ကုန်) နှင့် ၁၁/၂၀၂၀ (မကွေး)  စုစုပေါင်း  ရာဇဝတ်အထူးအယူခံမှု  (၂) မှု နှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။

 

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၄/၂၀၂၀(မကွေး)၊ ၁၆/၂၀၂၀ (မန္တလေး)၊ ၂၀/ ၂၀၂၀  (မန္တလေး)၊ ၂၁/၂၀၂၀ (မွန်) နှင့် ၂၃/၂၀၂၀ (ရှမ်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်