ရဲတပ်သားသစ်(အမျိုးသမီး)သင်တန်းအမှတ်စဉ်(၅၀/၂၀၁၉) သင်တန်းဆင်းပွဲကျင်းပ 

နေပြည်တော်   ၉  ဩဂုတ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)ရဲလေ့ကျင့်ရေးကျောင်း၊ ရမည်းသင်းမြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်မှ ဩဂုတ် ၉ ရက်ထိ ဖွင့်လှစ်သင်ကြားခဲ့သည့် ရဲတပ်သားသစ် (အမျိုးသမီး) သင်တန်းအမှတ်စဉ် (၅၀/၂၀၁၉)အောင်ဆန်းတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇နာရီခွဲတွင် အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်း၊ စစ်ရေး ပြကွင်းတွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး၊ ရဲမှူးကြီး စိုးလွင်မိုးက ကျောင်းဆင်း တပ်ခွဲ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲများကို လိုက်လံစစ်ဆေး၍ စံပြကျောင်းသူဆုရ ရတနာထွန်း၊ လေ့ကျင့်ရေးနင့်သေနတ်ပစ် ထူးချွန်ဆုရ စိုးနန္ဒာခိုင်၊ ဥပဒေထူးချွန်ဆုရ ဇင်နွယ်ဝင်းနှင့် ရဲကျင့်ဝတ်ထူးချွန်ဆုရ ဝေမာလင်း တို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ 

ထို့နောက် ကျောင်းအုပ်ကြီးက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး ကျောင်းဆင်း သင်တန်းသူများမှ တန်းစိတ်ပုံ၊ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းကို ခံယူခဲ့သည်။ ကျောင်းဆင်းသင်တန်းသူ (၁၀၇)ဦး တက်ရောက်အောင်မြင်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင် (၁၃၀)နှင့် ၎င်းတို့၏မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်