ရှောင်လေဝေးဝေး ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်ဘေး

mdn

ဒေါက်တာအောင်ထွဏ်း(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် နှစ်စဉ်မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (World No Tobacco Day) အဖြစ်သတ်မှတ်၍ တစ်ကမ္ဘာလုံးတွင် ဆေးလိပ်တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခု ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ဆောင်ပုဒ်အဖြစ် 'ထုတ်လုပ်သူတို့ပစ်မှတ်သဖွယ်၊ တို့လူငယ်များကို သတ်မှတ်တယ်၊ အသိဉာဏ်ရှောင်ဖယ်၊ ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်ဘေး" (Protecting youthfrom industry manipulation and preventing them from tobacco and nicotineuse) ဟု သတ်မှတ်ကာ လူငယ်များအား ဆေးလိပ်ကုမ္ပဏီများ၏ ပစ်မှတ်ထားဆွဲဆောင်မှုနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်တို့မှ ကာကွယ်ပေးကြရန် နှိုးဆော်ထားပါသည်။

 

ကမ္ဘာ့ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုအခြေအနေ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၉ ခုနှစ် WHO report on global Tobacco use trends အစီအရင်ခံစာအရ ယနေ့ကမ္ဘာပေါ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲသူ ပေါင်း ၁ ဒသမ ၃ ဘီလီယံရှိပြီး ကလေး ၄၃ သန်းနှင့် အမျိုးသမီး ၂၄၄ သန်းပါဝင်၏။ ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုကြောင့် နှစ်စဉ်လူပေါင်းရှစ်သန်းခန့် သေဆုံးလျက်ရှိ၏။ ယင်းတို့အနက် ခုနှစ်သန်းသည် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကြောင့် တိုက်ရိုက်သေဆုံး၍၁ ဒသမ ၂ သန်းခန့်သည် တဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ရခြင်းကြောင့် ဖြစ်ရကြောင်း သိရပါသည်။

 

ကမ္ဘာပေါ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးသူများအနက် ၈၀ ရာခိုင်နှုန်းကျော်မှာ ဝင်ငွေ နည်းသော၊ ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများမှ ဖြစ်ကြ၍ အရှေ့ တောင်အာရှဒေသသည် ဆေးလိပ် သုံးစွဲသူ အများဆုံးဖြစ်ကြောင်း တွေ့ရပါသည်။

 

ဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်းအမျိုးမျိုး သည် ကျန်းမာရေးကိုသာမက လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးတို့ကိုပါ ထိခိုက်ပျက်စီး စေတတ်ပါသည်။ နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံး ဖွံ့ဖြိုး တိုးတက်မှုကို ဟန့်တားလျက်ရှိပါသည်။

 

မြန်မာကျောင်းသားလူငယ်များအတွင်း ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုအခြေအနေ

 

မြန်မာနိုင်ငံတွင် ကျောင်းသားလူငယ်များ၏ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုအခြေအနေကို သိရှိ နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ အသက် ၁၃ နှစ်မှ ၁၅ နှစ်ရှိ ကျောင်းသား ကျောင်းသူများအတွင်း သုတေသနစစ်တမ်း (Global Youth Tobacco Survey  GYTS)အား ၂၀၀၁၊ ၂၀၀၄၊ ၂၀၀၇၊ ၂၀၁၁နှင့် ၂၀၁၆ ခုနှစ် များတွင် ဆောင်ရွက်ခဲ့ပါသည်။ အထက်ပါသုတေသန တွေ့ရှိချက်များအရ စီးကရက်သောက်သုံးမှုနှုန်းသည် ၂၀၁၁ ခုနှစ်စစ်တမ်းတွင် ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်း ကျောင်းသား ကျောင်းသူများ၏ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၆ ခုနှစ် စစ်တမ်းတွင်မူ ၈ ဒသမ ၃ ရာခိုင်နှုန်း သို့ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် မြန်မာကျောင်းသားလူငယ်များအတွင်း ဆေးရွက် ကြီးပါသော ကွမ်းစားသုံးမှုသည် မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

 

၂၀၁၆ ခုနှစ် မြန်မာ GYIS စစ်တမ်း၏ အခြား ထူးခြား နသော တွေ့ရှိချက်များမှာ

 

+ ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုနှုန်း - ၁၄%(ကျား-၂၆%၊ မ-၄%) ၊

+ အငွေ့ ထွက်သော ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုနှုန်း-၁၁% (ကျား-၂၁။ မ-၂5)

+ အငွေ့မထွက်သော ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုနှုန်း-၆၆(ကျား-၁၁%၊ မ-၂96)

+ ဆေးလိပ်ဆေးရွက်ကြီးသောက်သုံးသည့် ကျောင်းသား ကျောင်းသူ ၁၀ ဦးလျှင် ခုနှစ်ဦးသည် လွန်ခဲ့သော ၁၂ လအတွင်း ဆေးလိပ်ဖြတ်ရန်ကြိုးစားခဲ့ခြင်း၊

+ ကျောင်းသား ကျောင်းသူ ၁၀ ဦးလျှင် သုံးဦးသည် အလုံ ပိတ်အခန်းများတွင်လည်းကောင်း၊ တစ်ဦးသည်မိမိအိမ်တွင်လည်းကောင်း ဆေးလိပ်ငွေ့များ ရှူခဲ့ရခြင်း၊

+ လက်ရှိ စီးကရက်သောက်သူများ၏ ၆၁ ရာခိုင်နှုန်းသည် လမ်းဘေးဆိုင်နှင့် စတိုးဆိုင်များမှဝယ်ယူခဲ့ခြင်း၊

+ ၆၃ ရာခိုင်နှုန်းသော စီးကရက်ဝယ်သူများသည် ဥပဒေအရ သတ်မှတ်သည့် အသက်မပြည့်ကြခြင်း

+ ကျောင်းသား ကျောင်းသူ ၁၀ ဦးလျှင် နှစ်ဦးသည် မီဒီယာမှဆေးလိပ်အန္တရာယ် သတိပေးချက်နှင့်ဆေးလိပ်အရောင်း |ဆိုင်များတွင် ဆေးလိပ်ကြော်ငြာများကို တွေ့ခဲ့ဖူးခြင်း။

+ ကျောင်းသား ကျောင်းသူ ငါးဦးလျှင် သုံးဦးသည် ဆေးလိပ်သည် အန္တရာယ်ရှိကြောင်း ယုံကြည်ခြင်းတို့ ဖြစ်သည်။

 

 မြန်မာလူငယ်များအတွင်း ထိုးဖောက်ဝင်ရောက်နေသောအီးစီးကရက်နှင့် ရေပြောင်း

 

လက်ရှိမြန်မာနိုင်ငံတွင် သုံးစွဲလျက်ရှိသည့် ဆေးရွက် ကြီးထွက်အမျိုးအစားများကို အဓိကအားဖြင့် အောက်ပါ အတိုင်း နှစ်မျိုးခွဲခြားနိုင်ပါသည်။

(က) အငွေ့ ထွက်သော ဆေးရွက်ကြီးပစ္စည်းများ (Smoking Tobacco)

ဤအုပ်စုတွင် စီးကရက်၊ ဆေးပေါ့လိပ် ဆေးပြင်း လိပ်၊ ပြောင်းဖူးဖက်လိပ် ကွမ်းဖက်လိပ် ဘီဒီ၊ ဆေးတံ၊ ရေမြောင်းတို့ ပါဝင်သည်။

(ခ) အငွေ့မထွက်သော ဆေးရွက်ကြီးပစ္စည်းများ (Smokeless Tobacco)

ဤအုပ်စုတွင် ဆေးရွက်ကြီးငုံခြင်း၊ ရေစိမ် သောက်ခြင်း၊ ကွမ်းယာထဲတွင်ဆေးရွက်ကြီးထည့်စားခြင်း၊ ကွမ်းယာထဲတွင် ဆေးပေါင်း၊ နှပ်ဆေးစသည်ထည့်၍ စားခြင်းတို့ ပါဝင်ပါသည်။ ကွမ်းယာထဲတွင် ထည့်၍ စားသော ဆေးပေါင်းများတွင် ဆေးရွက်ကြီးကို သံပရာ၊ ရှောက်ရည်ဖြင့် နှပ်ခြင်း၊ ရေ၊ အရက်ဖြင့် စိမ်ခြင်း၊ နယ်စပ်မှဝင်ရောက်လာသော 92 95 Signal Zarda စသည့် တံဆိပ်အမျိုးမျိုးတပ်ထားသော ဆေးပေါင်းများ ပါဝင်ပါသည်။

 

သမားရိုးကျဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပြင် အောက်ပါ ဆေးရွက်ကြီးထွက်ပစ္စည်း နှစ်မျိုးသည် မြန်မာဈေးကွက်နှင့် မြန်မာလူငယ်များ အတွင်း ထိုးဖောက်ဝင်ရောက်နေကြောင်း တွေ့ရှိရပါသည်။

 

(၁)အီးစီးကရက် (E-cigarette)

 

ယခုအခါလူသိများ၍ လူငယ်များကြား တွင်တွင် ကျယ်ကျယ်သုံးလာကြသော အီးစီးကရက်သည် အီလက် ထရွန်နစ်စနစ်ဖြင့် ပြုပြင်ဖန်တီးထားသည့် စီးကရက် ကဲ့သို့ အငွေ့ ထွက်စေသည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ ဆေးလိပ်ဖြတ်ရန် တီထွင်ထုတ်လုပ်ခဲ့ပြီး ဆေးရွက်ကြီး ထွက်ပစ္စည်း တစ်မျိုးမျိုးကို အသုံးမပြုသဖြင့် အန္တရာယ် မရှိဟု ဈေးကွက်တွင် ပုံမှားရိုက်ရောင်းချလျက်ရှိသည်။ စင်စစ်ဆေးရွက်ကြီးထွက်ပစ္စည်းတိုင်းတွင် ပါဝင်သော နီကိုတင်းကို အရည်ဖျော်ထားကာ အီလက်ထရွန်နစ် စနစ်ဖြင့် အငွေ့အသွင် ပြောင်းရှူးစေခြင်းဖြစ်သည်။

 

ယခုအခါ တဆင့်တိုးကာ ဓာတုပစ္စည်းနှင့် အနံ့အရသာ မျိုးစုံ ရည်များထည့်သွင်း၍ ဆေးလိပ်နှင့်ပုံစံတူပစ္စည်း များ (ဥပမာ-ဆေးလိပ်၊ ဆေးတံ၊ ဟူကာ၊ ရှူးပြောင်း စသည်) လူသုံးများ ပုံစံတူပစ္စည်းများ (ဥပမာ-စာရေး ကိရိယာ၊ Memory Stick)နှင့် အီးစီးကရက်သောက်၍ အငွေ့ထုတ်ခြင်း (Vape)တို့ကိုထုတ်လုပ်လျက် ဈေးကွက် ချဲ့နေကြပါ သည်။

 

(၂)ရေပြောင်း (Water pipe)

 

ဆေးရွက်ကြီးထွက်ပစ္စည်းများ အသုံးပြုသည့် ရေပြောင်းသည် ဘီယာနှင့် စားသောက်ဆိုင်များ၊ ကလပ် များတွင် အလွယ်တကူရရှိအသုံးပြုနိုင်သဖြင့် လူငယ်များ ကြားတွင် ခေတ်စားလျက်ရှိပါသည်။ အမျိုးသမီးငယ် များပင် သုံးနေကြပါသည်။ ယင်းသည် လွန်ခဲ့သည့်နှစ်၂၀ ကျော်ခန့်ကပင် ရှီရှား (Shisha)၊ ဟူခါး (Hooka)၊ Waterpipe Bottlepipe စသည့် အမည်အမျိုးမျိုးဖြင့် ရေထဲမှအငွေ့ဖြတ်ကာ ပိုက်မှတစ်ဆင့်သည့် ကိရိယာ များ ဖြစ်သည်။ တချို့ ကလပ်နှင့် စားသောက်ဆိုင်များတွင် တစ်ဦးချင်းသာမကဘဲ အငွေ့ရှူပိုက်များစွာ ချိတ်ပြီး ဝိုင်းရှူကြသည့် ဓလေ့များလည်း ခေတ်စားနေကြပါသည်။ လူငယ်များအနေဖြင့် စီးကရက်သောက်ခြင်းထက် အန္တရာယ် နည်းသည်ဟု ဝါဒဖြန့် ဆွဲဆောင်မှုများကို ယုံကြည်နေကြပါသည်။ စင်စစ် ဆေးလိပ်နှင့် ဆေးရွက် ကြီး သုံးစွဲသကဲ့သို့ပင် အန္တရာယ်ရှိပါသည်။ ။

 

လူငယ်များကို ပစ်မှတ်ထားဆွဲဆောင်နေသည့် ဆေးလိပ်ကုမ္ပဏီများ၏ နည်းလမ်းများ

ဆေးလိပ်ကုမ္ပဏီများသည် ၎င်းတို့ထုတ်လုပ်သော ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများကို သုံးစွဲ၍ သေဆုံးခဲ့ကြသူ သန်းပေါင်းများစွာအား အစားထိုးရန် ဖောက်သည်အသစ်အဖြစ် လူငယ်လူရွယ်များအား အထူးလေ့လာ၍ ငွေအရင်းအနှီးများစွာ သုံးစွဲကာ အောက်ပါနည်းလမ်းစုံကို အသုံးပြုလျက်ရှိပါသည်-

 

(၁) တိုက်ရိုက်ကြော်ငြာခြင်း ။

 

- ရုပ်ရှင်နှင့် တီဗွီကဲ့သို့သော ဖြေဖျော်ရေးမီဒီယာမျိုးစုံတွင် ကြော်ငြာခြင်း၊

- ကလေးများ၏ မြင်နိုင်လောက်သည့် အနေအထား (ဥပမာ ကစားစရာအရုပ်၊ အစားအသောက်)တွင် စိတ်ဝင်စားဖွယ် ခင်းကျင်းပြသခြင်း၊

 - ကလေးနှင့် လူငယ်များကို ဆွဲဆောင်နိုင်မည့်ဆေးလိပ် သဏ္ဌာန်တူပစ္စည်းများ ထုတ်လုပ်ခြင်း။

 

(၂) သွယ်လိုက်ကြော်ငြာခြင်း လူမှုကွန်ရက်နှင့်ဩဇာရှိသူများ အသုံးပြုကြော်ငြာခြင်း ၊

 

(၃) အရောင်းမြှင့်တင်ခြင်း ၊

 

 - ထင်ရှားသော အခမ်းအနားများတွင် လူငယ်များ တွက်ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများအား အရောင်းမြှင့်တင်ခြင်း။

- လူငယ်များအား ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း နမူနာများ အခမဲ့ခြင်း၊ အရောင်းမြှင့်တင်ရေးပစ္စည်း

များ ပေးခြင်း။

 

 (၄) စပွန်ဆာပေးခြင်း

 

- ကျောင်းနှင့် တက္ကသိုလ်များ၊ ကျောင်းသားများအားပညာသင်နှင့် အခြားအထောက်အပံ့ပေးခြင်း၊

- အခမ်းအနားများကို ကုန်ကျတာဝန်ခံပေးခြင်း၊ကုမ္ပဏီ တံဆိပ်ထောင်ခြင်း၊

 

(၅) အခြားဈေးကွက်ထိုးဖောက်နည်းစုံအသုံးပြုခြင်း

 

ဥပမာ- ကလေးနှင့် လူငယ်များအတွက် ဆေးမပြင်း၊ အနံ့ အရသာစုံပါသည့် ဆေးလိပ်၊ ဆေးရွက် ကြီးထွက်ပစ္စည်း၊ ဆေးပြောင်းနှင့် အီးစီးကရက်များ ထုတ်လုပ်ခြင်း။

ကမ္ဘာ့ဆေးလိပ်ကုမ္ပဏီများ၏ ဟန့်တားနှောင့် ယှက်မှုကို လေ့လာနေသည့် 4th Tobacco Industry Interference Index အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အာဆီယံကိုးနိုင်ငံအနက် ဆေးလိပ်ကုမ္ပဏီများ၏ ဟန့်တားနှောင့်ယှက်မှု အဆင့်သုံးတွင် ရှိနေကြောင်း သိရသည်။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်တွင် ဆေးလိပ် ဘူးခွံများတွင် ဆေးလိပ်အန္တရာယ်များ ဖော်ပြသောရုပ်ပုံ ၇၅ ရာခိုင်နှုန်း ထည့်သွင်းရေး နှောင့်နှေးအောင် နှောင့်ယှက်ခဲ့ကြကြောင်း သိရပါသည်။

 

မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးဆောင်ရွက်ချက်မှတ်တိုင်များ

 

ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် ကုလသမဂ္ဂနှင့် နှီးနွယ်ဌာနအဖွဲ့ အစည်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းဝေးရေးစီမံချက်ဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ကို လျော့နည်း စေရန် MPOWER မူဝါဒ ၆ ချက် ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။

 

ထင်ရှားသော မှတ်တိုင်များအနေဖြင့်

 

- ဆေးလိပ်ကြော်ငြာဆိုင်းဘုတ်များကို ကန့်သတ်ပိတ်ပင် တားမြစ်ခြင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များ အားလုံးတွင် ဆေးလိပ်ကြော်ငြာများ ထည့်သွင်းခွင့်မပြုခြင်း၊ ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ စာသင်ကျောင်း များအား ဆေးလိပ်မသောက်ရနယ်မြေအဖြစ် သတ်မှတ်ခြင်း။

- ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်သောက်သုံးမှု ထိန်းချုပ် ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းကို မြန်မာနိုင်ငံ မှ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း။

- မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခြင်း။

- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ဆေးလိပ်ထုပ် တိုင်း၏ မျက်နှာပြင် ၅၀ ရာခိုင်နှုန်းတွင် ဆေးလိပ် အန္တရာယ်များ ဖော်ပြသောရုပ်ပုံများနှင့် မျက်နှာပြင် ၂၅ ရာခိုင်နှုန်းတွင် ကျန်းမာရေးသတိပေးချက် စာသားများဖော်ပြရန် ညွှန်ကြားဆောင်ရွက်ခဲ့ ခြင်း။

- ထို့ပြင် ၂၀၁၆ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေအရ စီးကရက်အပြင် ဆေးပေါ့လိပ်၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်း လိပ်၊ ဆေးတံအမျိုးမျိုး၊ ဆေးတံသောက်ဆေးများနှင့် ကွမ်းစားဆေးများအား အခွန် ၆၀ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်း။

-၂၀၁၈ ခုနှစ်တွင်လည်း မြန်မာနိုင်ငံအား ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း အတွင်းရေးမှူးရုံး (WHO FCTC Secretariat) က လေးနှစ်စီမံချက်ဖြင့် အထောက်အပံ့ပေးမည့် နိုင်ငံ ၁၅ နိုင်ငံအနက် တစ်နိုင်ငံအဖြစ် ရွေးချယ် ခြင်းခံရခြင်း။

- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ယခု မဟာဗျူဟာအသစ်ဖြင့် WHO FCTC Secretariat ၏ ထောက်ပံ့ကူညီမှု၊ နှီးနွယ်ဝန်ကြီးဌာန၊ အဖွဲ့ အစည်း များနှင့်ပူးပေါင်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းပါ အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း၊

- ထို့ပြင် မြန်မာနိုင်ငံတွင် လူငယ်ကျန်းမာရေး ငါးနှစ် စီမံကိန်း (၂၀၁၆-၂၀၂၀) ကိုရေးဆွဲ၍ လူငယ်နှင့် ကျောင်း ဆေးလိပ်ကင်းစင်ရေးလုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိခြင်း။ 

- ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ဆေးလိပ် ကုမ္ပဏီများ၏ ဟန့်တားနှောင့်ယှက်မှုကို စောင့်ကြည့်ခြင်း၊ အီးစီးကရက် တားဆီးပိတ်ပင်ခြင်း၊ ရေပြောင်းကဲ့သို့ အခြားဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး PlainPackaging နှင့် လက်ရှိဆေးလိပ် ဥပဒေအား သုံးသပ်အကြံပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း။

- ၂ဝ၂ဝ ပြည့်နှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်ဆုအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ဆေးလိပ်တိုက်ဖျက်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ပြည်သူ့ကျန်းမာ ရေးပညာရှင် ဒေါက်တာအောင်ထွဏ်းအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကချီးမြှင့်ခဲ့ခြင်း။

 

လူငယ်များ ဆေးလိပ်အန္တရာယ်ကင်းဝေးဖို့၊ ဝိုင်းဝန်းကာကွယ်တားဆီးဖို့

 

သို့ဖြစ်ပါ၍ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ လှုပ်ရှားမှုလုပ်ငန်းရည်ရွယ်ချက်များကို အောင်မြင်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များဆေးလိပ်နှင့် ဆေးရွက် ကြီး အန္တရာယ်ကင်းဝေးစေရေးအတွက်အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်း အပ်ပါသည်။

- ဆေးလိပ်ကုမ္ပဏီများ၏ လူငယ်လူရွယ်များအား ပစ်မှတ်ထားပြီး ဆွဲဆောင်နေသည့် နည်းလမ်းများ အား ဖော်ထုတ်၍ စပွန်ဆာယူခြင်းနှင့် အရောင်းမြှင့်ကြော်ငြာစုံကို ရှောင်ကြဉ်ကြစေရန်၊

- လူငယ်လူရွယ်များအား ဆေးလိပ်ကုမ္ပဏီများ၏ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံ၊ နည်းလမ်းစုံဖြင့် ဈေးကွက်ရှာ ဆွဲဆောင်စည်းရုံးပုံများကို အသိပညာပေးရန်၊

- လူမှုကွန်ရက်၊ အိမ်၊ ကျောင်းတို့တွင် ဩဇာရှိသူများကလူငယ်လူရွယ်များအား ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းသုံးစွဲမှုအန္တရာယ်မှ ကာကွယ်ပေးခြင်းနှင့် လက်တွဲပါဝင်စေရန်၊

- ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အီးစီးကရက်နှင့် ရေပြောင်းသုံးစွဲခြင်း ရှောင်ကြရန်၊

- ကိုယ်ဝန်ဆောင်နှင့်ကလေးများအနီး၊ လူစုလူဝေးအတွင်း ဆေးလိပ်သောက်ခြင်း ရှောင်ကြရန်။

- ဆေးလိပ်စွဲနေသူများ ဆေးလိပ်ဖြတ်ကြရန်။

မှီငြမ်း

- Facts on Tobacco, MOHS, 2009

- Investment case for tobacco control in

Myanmar. The Case for Investing in WHO FCTC Implementation, MOHS/WHO/UNDP/FCTC

Secretariat/RTI Int.December 2018

- Report of Fifth Global. Youth Tobacco Survey (GYTS), Myanmar, MOHS/WHO,2016

- Report on global tobacco use trends, WHO, 2019

- The Tobacco Atlas, 6- Edition, American CancerSociety,2018

- Word No Tobacco Day Tool Kit, WHO,2020