ရေကြည်မြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂)လုံးပြိုကျပျက်စီး

ရေကြည်   ၂၁  မေ 

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့ နယ်သစ်ဖြူပင်ကျေးရွာအုပ်စု ၊ သစ်ဖြူပင် ကျေးရွာတွင် မေ(၂၀)ရက် ညနေ (၃) နာရီက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂)လုံး အမိုးလန် ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခတ်သော မိုးသက်လေပြင်းကြောင့်ကျေးရွာအတွင်းရှိ သွပ်မိုး၊ ထရံကာ နေအိမ် (၂)လုံး ပြိုကျ အမိုးလန် ပျက်စီးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့်လူ ၊တိရစ္ဆာန်နှင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။

 

လတ်တလောတွင်  ပြိုပျက်နေအိမ်အား  ဖယ်ရှားရှင်းလင်းခြင်းနှင့် အိမ်ထောင်စုဝင်များအား ကျေးရွာ အတွင်းရှိ ဆွေမျိုးသားချင်းများ၏ နေအိမ်သို့ ယာယီပြောင်းရွှေ့နေရာချထားခြင်း များကို ရေကြည်မြို့နယ် မြို့မရဲစခန်းမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာကျေးရွာ တာဝန်ရှိသူများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်သူဟန် ( ပြန်/ဆက် )