ရွှေကူမြို့နယ် အမှတ်(၁) အထကတွင် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ

ရွှေကူ ၂၁ သြဂုတ်

ကချင်ပြည်နယ် ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများအား ငလျင်ဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်ဆိုင်ရာများကို အသိပညာပေးဆောင်ရွက်လျှက်ရှိရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများ စိမ့်ဝင်ပြန့်နှံ့နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်သန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို သြဂုတ် ၂၁ ရက် နံနက် ၁၀ နာရီက ကျောင်းဝင်းအတွင်းရှိ ကွင်းပြင်၌ ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းနှင့် ကျောင်းသား ကျောင်းသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

 

mdn