ရခိုင်ပြည်နယ် မောင်တောမြို့နယ်  လသာရပ်ကွက်(အောက်)ရွာရှိ နေအိမ်(၄)လုံး မီးလောင်မှုဖြစ်ပွား

မောင်တော ဇန်နဝါရီ  ၂

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ဇန်နဝါရီ ၂  ရက် နံနက် ၁ နာရီခွဲခန့်က လသာကျေးရွာအုပ်စု၊ လသာအောက်ရွာရှိ နေအိမ်(၄)လုံး  မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မောင်တောမြို့၊ လသာကျေးရွာအုပ်စု၊ လသာအောက်ရွာရှိ နေအိမ်များမီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေး ဦးသန့်ဇင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂)စီးဖြင့် မီးလောင်ပြင်သို့ သွားရောက်မီးငြှိမ်းသတ်ခဲ့သည်။

 

အဆိုပါ မီးလောင်မှုမှာ ဦးရေဇူဘာ အသက်(၃၅)နှစ်၏ နေအိမ်အတွင်းရှိ မီးဖို၊ မီးကြွင်း မီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ဦးရေဇူဘာ၏ နေအိမ်(၁)လုံး၊   ဦးဂျမာ ဟူးဆောင်း၏  နေအိမ် (၁) လုံး၊ ဦအာဂျူလောက်၏ နေအိမ်(၁)လုံး၊ ဦးအာဘူကာဆိန်း၏ နေအိမ်(၁)လုံး၊ စုစုပေါင်း နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့သည်။  

 

မီးလောင်မှုနှင့်ပတ်သတ်၍  မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဦးရေဇူဘာ အသက်(၃၅)နှစ် အား မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သက်လွင်စိုး (ခရိုင် ပြန်/ဆက်)