ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ၁/၂၀၁၉ ကြိမ်မြောက် အစည်းအဝေးကျင်းပ

စစ်တွေ  ၂  ဇန်နဝါရီ 

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၁/၂၀၁၉ ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

mdn

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဖိတ်ခေါ် ဆောင်ရွက်လျှက် ရှိပါကြောင်း၊ စတင်ခွင့်ပြုမိန့်ပေးထားသော ကုမ္ပဏီများ၏ အကောင်အထည် ဖော်ဆောင်ရွက်မှုကိုလည်း သဘောတူညီချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နေမှု၊ အောင်မြင်တိုးတက်ဖြစ်ထွန်းနေမှု တို့ကို ကြပ်မတ်စိစစ် ပေးရမည်ဖြစ်ကြောင်း၊ နောက်ထပ်ခွင့်ပြုမိန့် တင်ပြတောင်းခံထားသော ကုမ္ပဏီများကိုလည်း ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့် အညီ မှန်မှန်ကန်ကန် စိစစ်ခွင့်ပြုပေးနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်သည့် ပုဂ္ဂိုလ်များကို မိမိတို့ဘက်မှ အတတ်နိုင်ဆုံး ဝိုင်းဝန်ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အတည်ပြုမိန့်ရရှိသော ကုမ္ပဏီများကလည်း ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ 

mdn

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထူးမင်းသိမ်းက ကော်မတီ၏ ၄/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ၁/၂၀၁၉ ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြထားသည့် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုနှင့် စပ်လျဉ်းသောအချက် အလက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးကြသည်။

mdn

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုမိန့်ရရှိသည့် ဆုထူးစံကုမ္ပဏီလီမိတက်၊ ဦးစိုးခန့်နှင့် မိသားစုကုမ္ပဏီလီမိတက် နှင့် ရွှေလျှံဖြိုးကုမ္ပဏီလီမိတက်တို့အား အတည်ပြုလွှာပေးအပ်ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

mdn