ရှမ်းနှစ်သစ်ကူးပွဲတော်ကို လားရှိုးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

လားရှိုး  ၂၉  စက်တင်ဘာ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အဆင့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၆ ရက် မှ ၉ ရက်အထိ ချယ်ရီမြိုင်အိမ်ရာဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းပွဲတော်တွင် ရှမ်းရိုးရာဝတ်စုံ၊ ရှမ်းရိုးရာအစားအစာနှင့် ရှမ်းရိုးရာလက်မှုပစ္စည်းများ ပြသရောင်းချခြင်းအပါအဝင် ရှမ်းမောင်မယ် ရွေးချယ်ပွဲ၊ ရိုးရာအကအလှနှင့် အနယ်နယ်အရပ်ရပ်မှ ရှမ်းလူမျိုးများ တွေ့ဆုံနိုင်ရန်၊ မိမိဒေသ၏ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ပြသနိုင်ရန်အတွက် သုံးနှစ်တစ်ကြိမ် ကျင်းပနေသည့် ပြည်နယ်အဆင့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ယခုနှစ် ရှမ်းသက္ကရာဇ် ၂၁၁၃ ခုနှစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ပြုလုပ်ကျင်းပခွင့် ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

MDN