ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ မဟာဝိဇ္ဇာတန်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဝင်ခွင့်လျှောက်လွှာခေါ်မှု ရက်တိုးမြှင့်ပေး

ရန်ကုန်  ၆ ဖေဖော်ဝါရီ


ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ မဟာဝိဇ္ဇာတန်း ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်အတွက် ဝင်ခွင့်လျှောက်လွှာနှင့် ထောက်ခံစာရွက်စာတမ်းများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်အထိ ရက်တိုး၍ လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။


မဟာဝိဇ္ဇာတန်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဝင်ခွင့်အတွက် အချက်အလက် အပြည့်အစုံကို ssbuadmission office@ gmail.com(သို့) ဖုန်း ဝ၉-၈၉၂၂၉၇၁၅၄ နှင့် ဝ၉-၇၈၂၁၈၄၁၅၉ တို့သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်း နိုင်သည်။


ပါရဂူတန်း၌ နေရာပြည့်ပြီဖြစ်သဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပါရဂူတန်းဝင်ခွင့်လျှောက်လွှာခေါ်ခြင်းမရှိကြောင်း သိရသည်။ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဖေ့စ်ဘွတ်စာမျက်နှာhttps://www.facebook.com/shanstate.buddhistuniversity/ ၌ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


သတင်းစဉ်