ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခု တိုးချဲ့ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ

နေပြည်တော် ၁၂ နိုဝင်ဘာ

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းနိုင်ရန် နိုင်ငံတော် သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့မှုကို ယနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကိုယ်စား တာဝန်ပေးအပ်ထားသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရှင်းလင်းတင်ပြခဲ့သည်။

 

အဆိုပါ ဝန်ကြီးဌာနအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ပြီး နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

MDN