ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးလျာထားဧက ၁၁၄၅၀၀၀ တွင် မြို့နယ်ပေါင်း ၁၈ မြို့နယ်၌ သုံးခွမြို့နယ်အတွင်း မိုးစပါးအများဆုံးစိုက်ပျိုး

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးအထွက်နှုန်းတိုးတက်ရေးကို ရည်မှန်း ဆောင်ရွက်လျက်ရှိရာ မိုးစပါးလျာထားဧက ၁၁၄၅၀၀၀ တွင် မြို့နယ်ပေါင်း ၁၈ မြို့နယ်၌  သုံးခွမြို့နယ်အတွင်း မိုးစပါး ၁၅၃၈၂၂ ဧကဖြင့် တိုင်းဒေသကြီးအတွင်း မိုးစပါးဧက အများဆုံးစိုက်ပျိုးသော မြို့နယ်တစ်ခုအဖြစ် လျာထားစိုက်ပျိုးထားကြောင်း သိရသည်။

မိုးစပါးကို တိုက်ကြီးမြို့နယ်၌ ၁၂၅၃၆၇ ဧက၊ ခရမ်းမြို့နယ်၌ ၁၁၀၆၄၂ ဧကဖြင့် တိုင်းဒေသကြီးအတွင်း ဒုတိယနှင့်တတိယဧက အများဆုံးမြို့နယ်များအဖြစ် စိုက်ပျိုး ထားပြီး ဒဂုံမြို့သစ်မြို့နယ်တွင် ၁၀၄၈၃ ဧက၊  သန်လျင်မြို့နယ်တွင် ၅၉၄၃၁ ဧက၊  ကျောက်တန်းမြို့နယ်တွင် ၁၀၇၉၈၅ ဧကနှင့် ကျောက်တန်းမြို့ နယ်ခွဲဖြစ်သည့် တံတားမြို့နယ်ခွဲ၌ ၅၀၀၈၅ ဧက၊  ခရမ်းမြို့နယ်၌ ၁၁၀၆၄၂ ဧက၊ တွံတေးမြို့နယ်၌ ၈၂၂၅၅ ဧက၊ ကော့မှူးမြို့နယ်၌ ၈၈၀၉၉ ဧက၊ ကွမ်းခြံကုန်းမြို့နယ်၌ ၁၀၂၃၈၃ ဧက၊ ဒလမြို့နယ်၌ ၄၆၈၁၇ ဧက၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၄၅ ဧက၊ တိုက်ကြီးမြို့နယ်၌ ၁၂၅၃၆၇ ဧက၊ မှော်ဘီမြို့နယ်၌ ၃၈၀၈၄ ဧက၊ ထန်းတပင်မြို့နယ် ၌ ၈၅၀၈၂ ဧက၊ လှည်းကူးမြို့နယ်၌ ၈၁၂၂၅ ဧက၊ မင်္ဂလာဒုံမြို့နယ်၌ ၁၃၉၉ ဧက၊ ရွှေပြည်သာမြို့နယ်၌ ၇၃၁ ဧက၊ လှိုင်သာယာမြို့နယ်၌ ဧက ၉၀ နှင့် ကြည့်မြင် တိုင်မြို့နယ်၌ ၉၇၅  ဧကတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စုစုပေါင်း မိုးစပါး ၁၁၄၅၀၀၀ ဧက စိုက်ပျိုးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးများဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ရွှေဝါထွန်း၊ ရာကျော်၊ မှော်ဘီ-၃၊ မီး တုန်း၊ ငကျွဲ၊ ငစိန်၊ ကောက်ညှင်း၊ ရတနာတိုး၊ ဆင်းသွယ်လတ်၊ ပေါ်ဆန်းမွှေးတို့ကို အထွက်ကောင်း၊ အဆင့်မြင့် (အရည်အသွေး ကောင်း)နှင့် ဒေသမျိုးဟူ၍ အုပ်စုသုံးမျိုးခွဲ၍ စိုက်ပျိုးလျက်ရှိပြီး အထွက်ကောင်း (သက်တမ်းတို)စပါးမျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ပျိုးရာ၌ နည်းစနစ် မှန်ကန်မှုရှိစေရန် သရုပ်ပြပွဲများကျင်းပခြင်းနှင့် အသိပညာပေးခြင်း၊ လိုအပ်သောစပါး မျိုးများကို ဖြန့်ဝေပေးခြင်း၊ လျာထားဧကပြည့်မီစေရန် စိုက်ပျိုးနိုင်ရေးနှင့် တစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် စိုက်ပျိုးနည်းစနစ်၊ အပင်ပြုစုခြင်းနှင့် သီးနှံကာ ကွယ်ရေးလုပ်ငန်းများ၊ ရိတ်သိမ်းချိန်လွန်ပညာပေးရေးလုပ်ငန်းများကို မိုးစပါးရာသီအစမှ ရာသီပိတ်သိမ်းချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မိုးရာသီ၌ ရက်ပေါင်း ၁၂၀ ကျော် မှ ၁၈၀ ကျော်သက်တမ်းရှိ မိုးစပါးများကို မေလတွင် စတင်စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် စတင်ရိတ် သိမ်း၍ ဇန်နဝါရီလဆန်းပိုင်းအထိ မိုးစပါးများကို နောက်ဆုံးရိတ်သိမ်းသွားမည်ဖြစ်ရာ ယမန်နှစ် စိုက်ဧကထက် မိုးစပါးထွက်နှုန်း လျော့ကျမှုမရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး
ညိမ်းသူ (သတင်းစဉ်)